ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ်၊ ( ၉ /၂၀၂၆)
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း (၂) ရက်
(၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၇ ရက်)
မြန်မာ့နှစ်သစ်ကူး မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ အကျဉ်းထောင်/စခန်း အသီးသီးတွင် အကျဉ်းကျခံနေကြရသော လွတ်ငြိမ်းချမ်းသာခွင့် ရရှိသူ အကျဉ်းသူ/သား (၂၅) ဦး နှင့် လွတ်ငြိမ်းသက်သာခွင့်ရရှိသူ အကျဉ်းသူ/သား (၂၀၉) ဦး၊ စုစုပေါင်း အကျဉ်းသူ/သား (၂၃၄) ဦးအား ကရင်နီပြည်၏ ကြားကာလအစီအမံ အပိုဒ် (၇၅)၊ အပိုဒ်ခွဲ (ခ) အရ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်နှင့် သက်သာခွင့်ပေးလိုက်သည်။
(ပုံ) ခူဦးရယ်
ဥက္ကဋ္ဌ
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ