ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ
အမိန့်ကြော်ငြာစာအမှတ် ၊ ( ၁၃ / ၂၀၂၆)
၁၃၈၈ ခုနှစ် ၊ နယုန်လဆန်း (၆) ရက်
(၂၀၂၆ ခုနှစ် ၊ ဇွန်လ ၂၁ ရက် )
(၁၅၁) နှစ်မြောက် ကရင်နီအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ်သော်လည်းကောင်း ၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ကရင်နီပြည်၏ ကြားကာလအစီအမံ အပိုဒ် ( ၇၅ ) ၊ အပိုဒ်ခွဲ (ခ) အရ ၁၃၈၈ ခုနှစ် ၊ နယုန်လဆန်း ( ၆ ) ရက် ( ခရစ်နှစ် ၂၀၂၆ ခုနှစ် ဇွန်လ (၂၁) ရက် ) မတိုင်မီ ကျူးလွန်ခဲ့သော ပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်းခံရသည့် အကျဉ်းထောင်/စခန်း အသီးသီးတွင် အကျဉ်းကျခံရသော အကျဉ်းသူ အကျဉ်းသား ( ၃၉) ဦး တို့ကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သည်။
ခူဦးရယ်
ဥက္ကဋ္ဌ
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ