အမိန့်အမှတ်၊ (၁၇/၂၀၂၄)
(၁၄၉) နှစ်မြောက် ကရင်နီအမျိုးသားနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်နှင့်အတူ ကရင်နီပြည်နယ်၏ ကြားကာလအစီအမံ ပုဒ်မ – ၃၂၊ ပုဒ်မခွဲ (ခ)နှင့် ပုဒ်မခွဲငယ် (၂) နှင့် ကရင်နီပြည်နယ် ကြားကာလတရားစီရင်ရေး ဥပဒေ ပုဒ်မ – ၃၂ တို့အရ အကျဉ်းထောင်များတွင် အကျဉ်းကျခံနေကြရသော အကျဉ်းသူ အကျဉ်းသားများအနက်မှ (၁၂) ဦးကို ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်နှင့် (၁၀၅) ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်တို့ဖြင့် ပြစ်ဒဏ်များ လွတ်ငြိမ်းခွင့်ပြု လိုက်သည်။
ခူဦးရယ်
ဥက္ကဋ္ဌ
ကြားကာလအုပ်ချုပ်ရေးကောင်စီ
ကရင်နီပြည်