ထုတ်ပြန်ကြေညာချက် အမှတ် (၁/၂၀၂၄)
ကြားကာလပညာရေးနှင့် စပ်လျဉ်း၍ ထုတ်ပြန်ကြေညာခြင်း
၂၀၂၄ခုနှစ်၊ဖေဖော်ဝါရီလ(၁၃)ရက်
- ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ၏ ပညာရေးဌာနသည် တော်လှန်ရေးကာလ (ကြားကာလ)တွင် ပြည်နယ်အတွင်း ပညာရေးဖော်ဆောင်မှုအားကောင်စေရေးနှင့် ကလေးသူငယ်များ ပညာသင်ကြားခွင့် မဆုံးရှုံးစေရေး အတွက် သက်ဆိုင်ရာ ပညာရေးအသင်းအဖွဲ့များ နှင့် အတူပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါသည်။
- ပြည်နယ်၏ ပညာရေးအခန်းကဏ္ဍကို ဘက်ပေါင်းစုံမှ ပါဝင်အားဖြည့်၍ နိုင်ရာတာဝန် ထမ်းဆောင် နေကြသော ပညာရေး (CDM)ဆရာ/ဆရာမ များ နှင့် Volunteers ဆရာ/ဆရာမများ ကို လေးစားအသိအမှတ်ပြု မှတ်တမ်းတင်အပ်ပါသည်။
- ပညာရေးသည် လူသားတိုင်း၏ လွတ်လပ်ခွင့်ဖြစ်သည် နှင့်အညီ လူတိုင်းအကျုံးဝင်သော ပညာရေး စနစ်နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပညာရေးစနစ်သို့ စနစ်တကျ ဦးတည်ဖော်ဆောင်သွားကြရပါမည်။
- ယခု ပြည်နယ်၏ ပညာရေးဖော်ဆောင်မှု အခြေအနေအရ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ကလေးများ နှင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေသော ကလေးသူငယ် များစွာ ရှိနေပါသည်။
- ထို့ကြောင့် ပြည်နယ်အတွင်း ကြားကာလ ပြည်သူ့ပညာရေး ဖော်ဆောင်နေသော အဖွဲ့အစည်းများ အနေဖြင့် ပညာရေး လွတ်လပ်ခွင့်ကို အထူးလေးစားလိုက်နာပြီး အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ကူးပြောင်းလာသော ကလေးသူငယ်များအတွက် လိုအပ်သော စစ်ဆေး အကဲဖြတ်မှုများ ပြုလုပ်၍ ပညာဆက်လက်သင်ကြားခွင့် ပေးနိုင်ပါရန် ထုတ်ပြန်ကြေညာ အပ်ပါသည်။
ပညာရေးဌာန
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ