An Official Website of Karenni State Interim Executive Council Here’s how you know
IEC official website links

Usually end with .ieckarenni.org

Our Trusted websites external link

Secure websites use HTTPS

Look for a lock icon (🔒) or a URL starting with https://.

Only share sensitive info on official, secure websites.

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ

၅၈ နှစ်မြောက် ကယောအမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ

ယနေ့ (၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၅ ရက်) တွင် ကျရောက်သော (၅၈) နှစ်မြောက် ကယောအမျိုးသားနေ့ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) မှ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။ ကယောအမျိုးသားထုတစ်ရပ်လုံး ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကင်းရှင်း၍ ကျန်းမာချမ်းသာပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

ကယောအမျိုးသားနေ့သည် (၁၉၆၈) ခုနှစ်၊ ဧပြီလ (၁၅) ရက်နေ့မှ စတင်ခဲ့သော ကယောတို့၏ အမျိုးသားဝိသေသလက္ခဏာကို ဖော်ထုတ်သည့် သမိုင်းဝင်နေ့ ဖြစ်ပါသည်။ ကယောလူထုသည် သမိုင်းတစ်လျှောက် စစ်အာဏာရှင်အပါအဝင် အာဏာရှင်မှန်သမျှကို ရဲဝံ့စွာ တွန်းလှန်ခဲ့သည့်အပြင် ပထမကမ္ဘာစစ်ကာလကပင် ကရင်နီပြည်အတွက် မဟာမိတ်တပ်ဖွဲ့များတွင် ပါဝင်တိုက်ပွဲဝင်ခဲ့သည့် ဂုဏ်ယူစရာသမိုင်းလည်း ရှိပါသည်။

တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တို့အတွက် ကယောလူထု၏ ကြိုးပမ်းဆောင်ရွက်မှုများသည် ကရင်နီတော်လှန်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ထူထောင်ရေးအတွက် အစဉ်အမြဲ ခွန်အားဖြစ်လျက်ရှိပါသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ စတင်သော စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွင်လည်း ကယောလူထုသည် နိုင်ငံအဝှမ်းရှိ တိုင်းရင်းသားညီနောင်များနှင့်အတူ ဆက်လက်ပါဝင်နေပါသည်။

စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်မှန်သမျှချုပ်ငြိမ်းရေးအတွက် ကယောအမျိုးသားများ၏ အခန်းကဏ္ဍသည် အလွန်အရေးပါသဖြင့်၊ စုပေါင်းခေါင်းဆောင်မှုနှင့် အပြန်အလှန်အသိအမှတ်ပြုမှုဖြင့် တန်းတူရေးကို အခြေခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေးတွင် အတူတကွ လက်တွဲကြိုးပမ်းဆောင်ရွက်ကြပါရန် အလေးအနက် တိုက်တွန်းဂုဏ်ပြုရင်း ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ