An Official Website of Karenni State Interim Executive Council Here’s how you know
IEC official website links

Usually end with .ieckarenni.org

Our Trusted websites external link

Secure websites use HTTPS

Look for a lock icon (🔒) or a URL starting with https://.

Only share sensitive info on official, secure websites.

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ

လွိုင်ကော် ရွှေ့ပြောင်းရေး

လွိုင်ကော်မှ UN နှင့် INGO ဝန်ထမ်း ၂၂၈ ဦး ဘေးကင်းစွာ ရွှေ့ပြောင်းခွင့်ရရှိခဲ့ကြောင်း ပူးတွဲထုတ်ပြန်ချက်

UN နှင့် INGO ဝန်ထမ်းများ၊ မိသားစုဝင်များအား ဘေးကင်းစွာ ရွှေ့ပြောင်းပေးခဲ့ခြင်းနှင့် ပတ်သက်သည့် ပူးတွဲထုတ်ပြန်ကြေညာချက်
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်

ကရင်နီပြည်(ကယားပြည်နယ်) လွိုင်ကော်မြို့အခြေစိုက် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းများ (United Nations-UN) နှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ (INGOs) ၏ ဝန်ထမ်းများနှင့် မိသားစုဝင်ပေါင်း (၂၂၈) ဦးအား ဘေးကင်းလုံခြုံစွာဖြင့် ရွှေ့ပြောင်းနိုင်ရေးအတွက် ရှေ့တန်းတွင် တိုက်ပွဲဝင်နေကြသည့် ကရင်နီပြည် တော်လှန်ရေး တပ်ပေါင်းစုံမှ စစ်ဆင်ရေးမှူးများ၊ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)နှင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) တို့အကြား ညှိနှိုင်း၍ ပစ်ခတ်တိုက်ခိုက်မှုကို လျော့ချကာ စီစဉ်ပေးခဲ့ကြသည်။

ထိုသို့ စီစဉ်ပေးမှုကြောင့် အထက်ပါ UN နှင့် INGO ဝန်ထမ်းများနှင့် မိသားစုဝင်များလိုက်ပါသော မော်တော်ယာဉ် (၃၃) စီးပါ ယာဉ်တန်းသည် လွိုင်ကော်မြို့မှ ထွက်ခွာ၍ တောင်ကြီးမြို့သို့ ဘေးကင်းလုံခြုံစွာ ရွှေ့ပြောင်းနိုင်ခဲ့ကြသည်။

ထိုကဲ့သို့ UN နှင့် INGO များ၏ ဝန်ထမ်းများနှင့် မိသားစုဝင်များ ဘေးကင်းလုံခြုံစွာ ထွက်ခွာနိုင်ခဲ့သော်လည်း လွိုင်ကော်မြို့အတွင်း ပိတ်မိနေသည့် ပြည်သူများ ကျန်ရှိနေဆဲဖြစ်ပြီး အန္တရာယ်ဇုန်အတွင်း ရှိနေကြဆဲ ဖြစ်သည်။ ထို့အပြင် ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေကြရသည့် ပြည်သူဦးရေ (၃၅,၀၀၀) ကျော်အတွက် အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာများလည်း အရေးပေါ်လိုအပ်နေပါသည်။

ပြည်သူများ၏ အရေးပေါ်လိုအပ်ချက်အတွက် UN အပါအဝင် INGO များအနေဖြင့် နယ်စပ်ဖြတ်ကျော် အကူအညီပေးရေးအစီအစဉ်များကို လက်တွေ့အကောင်အထည်ဖော်ရန် လိုအပ်သည်။ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များအနေဖြင့် လွိုင်ကော်မြို့တွင်း ပိတ်မိနေသော ပြည်သူများကို ဘေးလွတ်ရာသို့ ထွက်ခွာခွင့် ပေးရန်လိုအပ်သည်။ မြေပြင်တွင် ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစုံနှင့် လူမှုအခြေပြုအဖွဲ့အစည်းများ အားလုံးတို့ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) တို့က အထူးပင် ကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်အပ်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)                                                                                                ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)