ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ
သတင်းထုတ်ပြန်ချက် အမှတ် (၂/၂၀၂၃)
(၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်)
စစ်ကောင်စီ လေယာဉ်မှူးနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်
၁။ ကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစုံ တပ်ဖွဲ့ဝင်များ၏ တန်ပြန် ပစ်ခတ်မှုကြောင့် အာဏာသိမ်းစစ်ကောင်စီ လေတပ်မှ K-8W အမျိုးအစား တိုက်လေယာဉ်တစ်စင်းသည် (၁၁. ၁၁. ၂၀၂၃) ရက်တွင် ပျက်ကျခဲ့သည်။ အဆိုပါ ပျက်ကျခဲ့သည့် တိုက်လေယာဉ်မှ လေယာဉ်မှူး (၂) ဦးမှာ ထွက်ပြေး လွတ်မြောက်ခဲ့ပြီး ထိုအထဲမှ လေယာဉ်မှူး တစ်ဦးကို (၁၉. ၁၁. ၂၀၂၃) ရက်တွင် လက်ရဖမ်းဆီး ရမိခဲ့သည်။
၂။ လက်ရဖမ်းဆီးရမိခဲ့သည့် လေယာဉ်မှူးမှာ “ဗိုလ်မှူးခိုင်သန့်မိုး” (ကိုယ်ပိုင်အမှတ် (လေ) ၂၈၅၃ ၊ မွေးသက္ကရာဇ်- ၂၇. ၅. ၁၉၈၁၊ တောင်ငူလေတပ်) ဖြစ်သည်။ တွဲဖက်လေယာဉ်မှူးဖြစ်သူ “ဗိုလ်ဇာနည်မောင်” မှာ လွတ်မြောက်နေဆဲဖြစ်ကာ ဖမ်းဆီးရမိနိုင်ရေး ရှာဖွေဆောင်ရွက်နေပါသည်။
၃။ လေယာဉ်မှူး “ဗိုလ်မှူးခိုင်သန့်မိုး” ကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နိုင်ရေး ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ပါသည်။
ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)
ကရင်နီပြည်