An Official Website of Karenni State Interim Executive Council Here’s how you know
IEC official website links

Usually end with .ieckarenni.org

Our Trusted websites external link

Secure websites use HTTPS

Look for a lock icon (🔒) or a URL starting with https://.

Only share sensitive info on official, secure websites.

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ

Karenni interim education

ကြားကာလပညာရေးနှင့် စပ်လျဉ်း၍ ထုတ်ပြန်ကြေညာခြင်း

ထုတ်ပြန်ကြေညာချက် အမှတ် (၁/၂၀၂၄)

ကြားကာလပညာရေးနှင့် စပ်လျဉ်း၍ ထုတ်ပြန်ကြေညာခြင်း

၂၀၂၄ခုနှစ်၊ဖေဖော်ဝါရီလ(၁၃)ရက်

  1. ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ၏ ပညာရေးဌာနသည် တော်လှန်ရေးကာလ (ကြားကာလ)တွင် ပြည်နယ်အတွင်း ပညာရေးဖော်ဆောင်မှုအားကောင်စေရေးနှင့် ကလေးသူငယ်များ ပညာသင်ကြားခွင့် မဆုံးရှုံးစေရေး အတွက် သက်ဆိုင်ရာ ပညာရေးအသင်းအဖွဲ့များ နှင့် အတူပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါသည်။
  2. ပြည်နယ်၏ ပညာရေးအခန်းကဏ္ဍကို ဘက်ပေါင်းစုံမှ ပါဝင်အားဖြည့်၍ နိုင်ရာတာဝန် ထမ်းဆောင် နေကြသော ပညာရေး (CDM)ဆရာ/ဆရာမ များ နှင့် Volunteers ဆရာ/ဆရာမများ ကို လေးစားအသိအမှတ်ပြု မှတ်တမ်းတင်အပ်ပါသည်။
  3. ပညာရေးသည် လူသားတိုင်း၏ လွတ်လပ်ခွင့်ဖြစ်သည် နှင့်အညီ လူတိုင်းအကျုံးဝင်သော ပညာရေး စနစ်နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပညာရေးစနစ်သို့ စနစ်တကျ ဦးတည်ဖော်ဆောင်သွားကြရပါမည်။
  4. ယခု ပြည်နယ်၏ ပညာရေးဖော်ဆောင်မှု အခြေအနေအရ ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ကလေးများ နှင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေသော ကလေးသူငယ် များစွာ ရှိနေပါသည်။
  5. ထို့ကြောင့် ပြည်နယ်အတွင်း ကြားကာလ ပြည်သူ့ပညာရေး ဖော်ဆောင်နေသော အဖွဲ့အစည်းများ အနေဖြင့် ပညာရေး လွတ်လပ်ခွင့်ကို အထူးလေးစားလိုက်နာပြီး အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ကူးပြောင်းလာသော ကလေးသူငယ်များအတွက် လိုအပ်သော စစ်ဆေး အကဲဖြတ်မှုများ ပြုလုပ်၍ ပညာဆက်လက်သင်ကြားခွင့် ပေးနိုင်ပါရန် ထုတ်ပြန်ကြေညာ အပ်ပါသည်။

ပညာရေးဌာန
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ