ရိုမန်ကက်သလစ်အသင်းတော်၏ (၂၆၆) ပါးမြောက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၁) ရက်၊ သက်တော် (၈၈) နှစ်တွင် ပျံလွန်တော်မူသွားကြောင်း ကြားသိရ၍ ကမ္ဘာတစ်ဝန်းရှိ ကက်သလစ်ဘာသာဝင်များနှင့် ထပ်တူ ဝမ်းနည်းရပါသည်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ခရစ်ယာန်များအကြား စည်းလုံးညီညွတ်မှုကို မြှင့်တင်ကြိုးပမ်းခဲ့သည်သာမက ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှုနှင့် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အရှင်သူမြတ်အဖြစ် အလေးအမြတ်ပြုပါသည်။
မြန်မာပြည်အတွင်း တရားမဝင် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ ဆိုးကျိုးများကို အပြင်းအထန် တွေ့ကြုံခံစားနေကြရသည့် ပြည်သူများဖက်မှ ရပ်တည်၍ တရားမျှတရေးနှင့် ငြိမ်းချမ်းရေးအတွက် တစိုက်မတ်မတ် ထုတ်ဖော်ပြောဆို ဆုတောင်းပေးခဲ့သည်ကို အစဉ်အမှတ်ရနေမည် ဖြစ်သည်။
တရားမျှတမှု၊ ကရုဏာ၊ မေတ္တာနှင့် ပြန်လည် သင့်မြတ်ရေးတို့ကို အစဉ်ရှေးရှုကာ ကက်သလစ်အသင်းတော်များနှင့် ကမ္ဘာတစ်ဝန်းလုံးကို ပေးအပ်ခဲ့သော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ထူးခြားပြောင်မြောက်သည့် ခေါင်းဆောင်မှုအတွက် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြလျက် ဤဝမ်းနည်းကြောင်း သဝဏ်လွှာကို ပေးပို့အပ်ပါသည်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ