အမိန့်အမှတ်(၀၃/၂၀၂၄)
၂၀၂၄ ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၂) ရက်
ကုန်သွယ်ရေး ၊ ရင်းနှီးမြှုပ်နှံမှုနှင့်ပိုဆောင်ဆက်သွယ်ရေးဌာန ဖွဲ့စည်းခြင်းနှင့်
ဌာနမှူးကြီး နှင့် ဒုတိယ ဌာနမှူးများ ဖွဲ့စည်းခြင်း
ကရင်နီပြည်နယ်၏ ကြားကာလအစီအမံ ပုဒ်မ (၃၂)၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၁) နှင့် ပုဒ်မခွဲငယ်(၅) တို့ပါ ပြဋ္ဌာန်းချက်နှင့်အညီ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာနကို ဖွဲ့စည်းလိုက်ပြီး အောက်ပါ ပုဂ္ဂိုလ်တို့ကို ယှဉ်တွဲပါဌာနတွင် ဌာနမှူးကြီးနှင့် ဒုတိယ ဌာနမှူးများအဖြစ် ခန့်အပ်တာဝန် ပေးလိုက်သည်။
ဌာနမှူးကြီး နှင့် ဒုတိယဌာနမှူးများစာရင်း-
- ဦးအယ်လ်ဖောင်းရှို ဌာနမှူးကြီး
- ဒယ်နီယာ (ခ) သဲရယ် ဒုတိယ ဌာနမှူး (၁)
- ရီဟားနာ ဒုတိယ ဌာနမှူး (၂)
- စိုင်းကျော်လွင် ဒုတိယ ဌာနမှူး (၃)
- မီကေးလယ်(ခ)ဖါးမိုအီ ဒုတိယ ဌာနမှူး (၄)
ခူဦးရယ်
ဥက္ကဋ္ဌ
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ