အမိန့်အမှတ်၊ (၁၀/၂၀၂၄)
ကရင်နီပြည် စစ်မြေပြင်အတွင်း ပြည်သူပိုင်ပစ္စည်းများနှင့် ပြည်သူလူထု၏ အိုးအိမ်ပစ္စည်းများကို ဖျက်ဆီးခြင်း၊ ဖေါက်ထွင်း ခိုးယူဖြုတ်ရောင်းခြင်းနှင့် ဝယ်ယူခြင်း ဖြစ်စဉ်များ ဖြစ်ပေါ်လျက်ရှိသည်။ ထိုကဲ့သို့သော စည်းကမ်းမဲ့သည့် လုပ်ရပ်များကို ကိုင်တွယ်ဖြေရှင်းရန် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အပါအဝင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF)၊ ကရင်နီအမျိုးသားငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ (KNPDP)၊ ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နှင့် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) တို့ ပါဝင်သော တပ်ပေါင်းစု၏ ၂၀၂၄ ခုနှစ်၊ မေလ (၈) ရက်နေ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ အောက်ပါအတိုင်း အမိန့်ထုတ်ပြန်လိုက်သည် –
- ကရင်နီပြည် စစ်မြေပြင်အတွင်းနှင့် မည်သည့်နေရာ၌မဆို ပြည်သူပိုင်ပစ္စည်းများနှင့် ပြည်သူလူထု၏ အိုးအိမ်ပစ္စည်းများကို ဖေါက်ထွင်း ခိုးယူခြင်း၊ ဖြုတ်ရောင်းခြင်း၊ ဝယ်ယူခြင်းနှင့် ဖျက်ဆီးခြင်းစသည့် တရားမဝင် လုပ်ရပ်များကို လုံးဝ တားမြစ်သည်။
- အထက်ဖေါ်ပြပါ လုပ်ရပ်များကို ကျူးလွန်သည့် မည်သူ့ကိုမဆို တွေ့ရှိပါက ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း ဤအမိန့်စာကို ထုတ်ပြန်လိုက်သည်။
ကြားကာလအုပ်ချုပ်ရေးကောင်စီ
ကရင်နီပြည်