An Official Website of Karenni State Interim Executive Council Here’s how you know
IEC official website links

Usually end with .ieckarenni.org

Our Trusted websites external link

Secure websites use HTTPS

Look for a lock icon (🔒) or a URL starting with https://.

Only share sensitive info on official, secure websites.

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ

အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်း(၃)နှစ်ပြည့် အထိမ်းအမှတ်

အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်း (၃) နှစ်ပြည့် အထိမ်းအမှတ်သို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီမှ ပေးပို့သော သဝဏ်လွှာ

ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရသည် တရားမဝင်အကြမ်းဖက်စစ်တပ်အား ဆန့်ကျင် တော်လှန်ရေး ကွဲပြားစုံလင်သော တိုင်းရင်းသားတော်လှန်ရေး အင်အားစုများနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် လက်တွဲတိုက်ပွဲဝင်လာခဲ့သည်မှာ သုံးနှစ်ပြည့်ပြီဖြစ်ပါသည်။ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် သုံးနှစ်တာတော်လှန်ရေးကာလအတွင်း အမျိုးသား တန်တူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဖော်ဆောင်ခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးတို့ကို စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ခြင်း၊ ပြည်သူလူထုများတော်လှန်ရေးတွင် ဆက်လက်ပါဝင် နိုင်စေရန်အတွက် ကြိုးပမ်းဆောင်ရွက်ခြင်း၊ စနစ်ပြောင်းတော်လှန်ရေးအတွက် ကြိုးပမ်းအားထုတ် နေမှုများနှင့် သုံးနှစ်တာကာလအတွင်း ပြည်သူလူထုထောက်ခံအားပေးမှု နိုင်ငံတကာအစိုးရနှင့် အင်အားစု အသီးသီး၏ ထောက်ခံအားပေးမှုများ ဆက်လက်ရရှိနေသည်ကို လေးစားအသိအမှတ် ပြုပါသည်။

အမြစ်ပြတ်တိုက်ထုတ်နိုင်ရေးအတွက်

သုံးနှစ်တာတော်လှန်ရေးကာလအတွင်း ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (Federal Democracy Charter)ကို အခြေခံကာ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရသည် စစ်အာဏာရှင်နှင့် အာဏာရှင် မှန်သမျှ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၏ ဦးဆောင်မှုဖြင့် အားကောင်းသော မဟာဗျူဟာများရေးဆွဲ အကောင်အထည်ဖော်နိုင်ခြင်းအပြင် လူမျိုးကြီး ဝါဒ ပပျောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးတို့ကို ဦးတည် ဖော်ဆောင်နေသည် ဖြစ်၍ နှစ်ထောင်းအားရမိပါသည်။

ထို့အပြင် ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မိမိတို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ စတင်ဖွဲ့စည်းသည့်အချိန်မှစ၍ ပူးပေါင်းချိတ်ဆက်မှု ပံ့ပိုးကူညီမှုများရှိခဲ့ပြီး ထိုကဲ့သို့ ပူးပေါင်းချိတ်ဆက်မှုများ ပိုမိုတိုးတက်ကောင်းမွန်လာစေရန်အတွက်လည်း မိမိတို့အနေဖြင့်ဆန္ဒပြုပါ သည်။ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလား တောင်းတ နေသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတွင် မဟာမိတ်အင်အားစုအသီးသီးနှင့် ဆက်လက်လက်တွဲ ဆောင်ရွက်သွားနိုင်ရန်နှင့် ပြည်ထောင်စုနှင့် ဖက်ဒရယ်ယူနစ်များအကြား
ပိုမိုကောင်းမွန်သည့် အာဏာခွဲဝေကျင့်သုံးမှုစနစ်များတည်ဆောက် အကောင်အထည် ဖော်ဆောင် နိုင်ပါစေကြောင်း ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်း သုံးနှစ်ပြည့် အထိမ်းအမှတ်နေ့အား ဂုဏ်ပြုလျက် ဤသဝဏ်လွှာကို ပေးပို့ပါသည်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ