An Official Website of Karenni State Interim Executive Council Here’s how you know
IEC official website links

Usually end with .ieckarenni.org

Our Trusted websites external link

Secure websites use HTTPS

Look for a lock icon (🔒) or a URL starting with https://.

Only share sensitive info on official, secure websites.

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ

လွိုင်ကော်ရေကြီးခြင်း အရေးပေါ်ကြေညာချက်

မိုးဗြဲရေတံခါး အဆင်အခြင်မဲ့ဖွင့်ချမှုကြောင့် လွိုင်ကော်တွင် အရေးပေါ်ရေဘေးသတိပေးချက်

အရေးပေါ် ကြေညာချက် အမှတ်၊ ၁/၂၀၂၄
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်
ရေဘေးအန္တရာယ် အရေးပေါ်ကြေညာချက်

မိုးဗြဲမြို့အခြေစိုက် တရားမဝင်အာဏာသိမ်းစစ်တပ်၏ ခမရ (၄၂၂) တပ်သည် ယနေ့ (၂၅.၇.၂၀၂၄) ရက် နံနက်အစောပိုင်းမှစ၍ မိုးဗြဲရေကာတာ ရေတံခါးအား အဆင်အခြင်မဲ့ ဖွင့်ချခဲ့ရာ (၂၄) နာရီအတွင်း ဘီလူးချောင်းရေမှာ (၈)ပေအထိ မြင့်တက်သွားခဲ့သည်။

လတ်တလောတွင် မိုးဗြဲအင်း၊ ဖာလိုင်အင်း၊ ဘုရားနီကျေးရွာ၊ ဖောင်းတောကျေးရွာနှင့် ဘုရားဖြူကျေးရွာတို့တွင် ရေကြီးမှုများ ဖြစ်ပေါ် နေပါသည်။ လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်နေကြသော ဒေသခံ တောင်သူလယ်သမားများနှင့် ပြည်သူများ အတိဒုက္ခရောက်စေရန် တမင် လုပ်ဆောင်ခြင်းဟု သုံးသပ်ပါသည်။

အကျိုးဆက်အားဖြင့် ဘီလူးချောင်း၏ ဘေးဝဲယာတလျှောက် စပါးခင်းအများစု (ခန့်မှန်း ဧက ၁၀၀၀ ခန့်) မှာ ယနေ့မှစတင်၍ ရေနှစ်မြှုပ်နိုင်ပြီး ပျက်စီးဆုံးရှုံးမည့်အရေးနှင့် ကြုံတွေ့ရနိုင်သည်။ ထို့အတူ လွိုင်ကော်မြို့နှင့် အနီးတဝိုက်ရှိ လူနေရပ်ကွက်များနှင့် ကျေးရွာများမှာလည်း ရေကြီးမှုများ ရှိလာနိုင်သည်။

သို့ဖြစ်ရာ ယနေ့မှစ၍ (၃) ရက်အတွင်း ရေများထပ်မံမြင့်တက် လာနိုင်သည့် အရေးပေါ် အခြေအနေဖြစ်နေပါသဖြင့် လွိုင်ကော်မြို့နှင့် အနီးတဝိုက် ဘီလူးချောင်း၏ ဘေးဝဲယာတလျှောက် အနိမ့်ပိုင်းတွင် နေထိုင်ကြသော မိဘပြည်သူများအနေဖြင့် အထူးသတိပြုကြရန်နှင့် လိုအပ်ပါက ဘေးလွတ်ရာသို့ အမြန်ဆုံး ရွေ့ပြောင်းနိုင်ရေး ကြိုတင်ပြင်ဆင်ထားကြရန် သတိပေး နှိုးဆော်အပ် ပါသည်။

အရေးပေါ်အကူအညီအတွက် ပြည်ထဲရေးဌာန – အရေးပေါ် ကူညီကယ်ဆယ်ရေးဌာနခွဲ နှင့် လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနတို့၏ စီကနယ် ဖုန်းနံပါတ်များ ဖြစ်ကြသော +66 951 901 790+66 955 751 317 တို့သို့ ဆက်သွယ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ