ကရင်နီအမျိုးသားငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ (KNPDP) ဥက္ကဋ္ဌ ဦးနီကိုဒေးမို ကွယ်လွန်ခြင်းအတွက် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) မှ ပေးပို့သော ဝမ်းနည်းကြောင်း သဝဏ်လွှာ
ကရင်နီအမျိုးသားငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ (KNPDP) ဥက္ကဋ္ဌ ဦးနီကိုဒေးမို (၅၁) နှစ်သည် ၂၀၂၄ ခုနှစ်၊ ဇွန်လ(၁၁)ရက်၊ ည(၉း၃၀)နာရီတွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း ကြားသိရ၍ ကျန်ရစ်သူ မိသားစုများ၊ နိုင်ငံရေးအင်အားစုများ နှင့် တော်လှန်ရေး တပ်ပေါင်းစုတို့နှင့်ထပ်တူ ဝမ်းနည်းရပါသည်။
ဦးနီကိုဒေးမိုသည် စစ်အာဏာရှင်နှင့်အာဏာရှင်ဟူသမျှ ချုပ်ငြိမ်းရေးလူထုတော်လှန်ရေးတွင် ကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစုနှင့် ပူးပေါင်း၍ စွမ်းစွမ်းတမံ ပါဝင် တိုက်ပွဲဝင်ခဲ့သည်သာမက ကရင်နီပြည်၏ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ကရင်နီပြည် နိုင်ငံရေးအင်အားစုများနှင့် လက်တွဲကာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပါဝင် ပေးဆပ်ခဲ့သည့် ခေါင်းဆောင်တစ်ဦး ဖြစ်ပါသည်။
ယခုကဲ့သို့ နိုင်ငံရေးပန်းတိုင် မရောက်ရှိမီ ကရင်နီအမျိုးသားငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ (KNPDP) ဥက္ကဋ္ဌဦးနီကိုဒေးမိုအား ဆုံးရှုံးလိုက်ရခြင်းသည် ကရင်နီပြည်အတွက် အစားထိုးမရသည့် ဆုံးရှုံးမှုတစ်ရပ် ဖြစ်ပါသည်။
ဦးနီကိုဒေးမို ကောင်းရာသုဂတိ ရောက်ပါစေကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)မှ ဆုတောင်းမေတ္တာပို့သမှုဖြင့် ဤဝမ်းနည်းကြောင်း သဝဏ်လွှာကို ပေးပို့အပ်ပါသည်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ