ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ
အမိန့်ကြော်ငြာစာအမှတ်၊ ၁/၂၀၂၄
၂၀၂၄ ခုနှစ်၊ သြဂုတ်လ (၁၄) ရက်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဌာန ဖွဲ့စည်းခြင်းနှင့် ဌာနမှူးကြီးနှင့် ဒုတိယဌာနမှူးများ ခန့်အပ်တာဝန်ပေးခြင်း
ကရင်နီပြည်နယ်၏ ကြားကာလအစီအမံ ပုဒ်မ (၃၃)၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၁) ပြဌာန်းချက်နှင့်အညီ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဌာနကို ဖွဲ့စည်းလိုက်ပြီး ကရင်နီပြည်နယ်၏ ကြားကာလအစီအမံ ပုဒ်မ (၃၃)၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၅) ပြဌာန်းချက်အရ အောက်ပါ ပုဂ္ဂိုလ်များကို ယှဉ်တွဲပါဌာနတွင် ဌာနမှူးကြီးနှင့် ဒုတိယဌာနမှူးများအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။
ဌာနမှူးကြီး နှင့် ဒုတိယ ဌာနမှူးများစာရင်း
၁။ ခူးတူရယ် – ဌာနမှူးကြီး
၂။ ဦးတင့်ဆွေ – ဒုတိယဌာနမှူး (၁)
၃။ ဒေါ်မြတ်ဆုမွန် – ဒုတိယဌာနမှူး (၂)
ခူဦးရယ်
ဥက္ကဋ္ဌ
ကြားကာလအုပ်ချုပ်ရေးကောင်စီ
ကရင်နီပြည်