အမျိုးသားညီညွတ်ရေးအစိုးရ ၊ ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီးဌာန ၊ ပြည်ထောင်စု ဒုတိယ ဝန်ကြီး ရာထူးတာဝန်အဖြစ် သော်လည်းကောင်း ၊ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေး တပ်ဦး ၏ ဗဟိုကော်မတီဝင် အဖြစ်သော်လည်းကောင်း တာဝန်ထမ်းဆောင်သူ မာခိုးအီ ချစ်ထွန်း သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်တွင် (၉၆) ပါး ရောဂါဖြင့် ဘဝတစ်ပါးသို့ ကူးပြောင်းသွားကြောင်း သိရှိရသည့်အတွက် ကျန်ရစ်သူမိသားစုနှင့်အတူ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အနေဖြင့် များစွာ ဝမ်းနည်းပူဆွေးရပါသည်။
မာခိုးအီ ချစ်ထွန်းသည် ဘဝနောက်ဆုံးချိန် အနားမယူခင်ထိပင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းများကို အားကြိုးမာန်တက် ပါဝင်အားဖြည့်ခဲ့သူဖြစ်ပြီး ကရင်နီပြည်အတွင်း တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးနှင့် လူငယ်ရေးရာကိစ္စများကို အားပေးကူညီခဲ့သူ ဖြစ်သည့်အတွက် ကရင်နီပြည်၏ သမိုင်းမှတ်တမ်းတွင် အသိအမှတ်ပြုမှတ်တမ်းဝင်သွားမည်ဖြစ်ပါသည်။
မာခိုးအီ ချစ်ထွန်းကို ဆုံးရှုံးလိုက်ရခြင်းသည် ကရင်နီပြည်၏ နိုင်ငံရေး၊ တော်လှန်ရေးအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခုပင်ဖြစ်ပါသည်။
မိမိတို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ အနေဖြင့် မာခိုးအီ ချစ်ထွန်း၏ အသက်ဝိညာဉ် ငြိမ်းချမ်းစွာအနားယူနိုင်ပါစေကြောင်း နှင့် ကောင်းရာဘုံဘဝရောက်ပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း ဝမ်းနည်းကြေကွဲလျက် ဤသဝဏ်လွှာ နှင့်အတူ ဖော်ပြအပ်ပါသည်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ