ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ
အမိန့်စာအမှတ် ၇/၂၀၂၅
၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၈) ရက်
ဒုတိယ-ဌာနမှူး (၃) ခန့်အပ်တာဝန်ပေးအပ်ခြင်း
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာနတွင် လစ်လပ်လျက်ရှိသော ဒုတိယ-ဌာနမှူး (၃) ရာထူးနေရာကို ကရင်နီပြည် ကြားကာလအစီအမံ အပိုဒ် ၃၈၊ အပိုဒ်ခွဲ (ဂ) ပြဋ္ဌာန်းချက်နှင့်အညီ ဦးသံချောင်း အား ဒုတိယ-ဌာနမှူး (၃) အဖြစ် ခန့်အပ်တာဝန်ပေးအပ်လိုက်သည်။
ခူဦးရယ်
ဥက္ကဋ္ဌ
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ