ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ
၂၀၂၄ ခုနှစ်၊ မတ်လ (၁၁) ရက်
စာရင်းစစ်ဝန်ထမ်းများ ဖိတ်ခေါ်ခြင်း
- ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီသည် စာရင်းစစ်ဌာနကို ဖွဲ့စည်းမည်ဖြစ်သည်။ ဖွဲ့စည်းမည့် စာရင်းစစ်ဌာနတွင် အောက်ပါ နေရာ (တာဝန်) များကို ခန့်အပ်တာဝန်ပေးရန်ရှိသည်-
- ဌာနမှူးကြီး
- ဒုတိယဌာနမှူး – ၁
- ဒုတိယဌာနမှူး – ၂
- အပိုဒ် (၁) ၌ ဖော်ပြထားသည့် နေရာ (တာဝန်) များတွင် ယေဘုယျအားဖြင့် အောက်ပါ ပုဂ္ဂိုလ်များကို ဦးစားပေး ခန့်အပ်တာဝန်ပေးမည်-
- ကရင်နီပြည်တွင် အမြဲတမ်းနေထိုင်သူ၊
- စစ်အာဏာရှင်နှင့် အာဏာရှင်ဟူသမျှ ချုပ်ငြိမ်းရေး လူထုတော်လှန်ရေးတွင် တစ်ထောင့်တစ်နေရာမှ ပါဝင်နေသူ၊
- စာရင်းစစ်လုပ်ငန်းတွင် ကျွမ်းကျင်ပိုင်နိုင်၍ အတွေ့အကြုံရှိသူ CDMer များ၊
- အများအကျိုးအတွက် အနစ်နာခံ ဆောင်ရွက်နိုင်သူ၊
- ဖိတ်ခေါ်မှုကို စိတ်ပါဝင်စား၍ လျှောက်ထားလိုသူများအနေဖြင့် မိမိတို့၏ ကိုယ်ရေးအကျဥ်းကို အောက်ပါ ဆက်သွယ်ရမည့် အီးမေးလ်လိပ်စာသို့ (၂၉. ၃. ၂၀၂၄) ရက်၊ နောက်ဆုံးထား ပေးပို့လျှောက်ထားနိုင်သည်-
Email: [email protected]
ကြားကာလ အုပ်ချုပ်ရေးကောင်စီ
ကရင်နီပြည်