ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ်၊ ၀၇/၂၀၂၄
(၂၀၂၄ ခုနှစ်၊ မတ်လ ၁၂ ရက်)
ပြည်နယ်တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း
ကရင်နီပြည်နယ် ကြားကာလအစီအမံ ပုဒ်မ – ၆၃၊ ပုဒ်မခွဲ (ဂ)၊ ကရင်နီပြည်နယ် ကြားကာလ တရားစီရင်ရေးဥပဒေ ပုဒ်မ – ၇၊ ပုဒ်မခွဲ (ဃ) နှင့် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ နည်းဥပဒေ ပုဒ်မ – ၁၇၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၅) တို့ပါ ပြဋ္ဌာန်းချက်များအရ မီးမယ် အာ ကရင်နီပြည်နယ် ကြားကာလ တရားရုံးချုပ် ပြည်နယ်တရားသူကြီးအဖြစ် ခန့်အပ် တာဝန် ပေးလိုက်သည်။
ခူဦးရယ်
ဥက္ကဋ္ဌ
ကြားကာလအုပ်ချုပ်ရေးကောင်စီ
ကရင်နီပြည်