An Official Website of Karenni State Interim Executive Council Here’s how you know
IEC official website links

Usually end with .ieckarenni.org

Our Trusted websites external link

Secure websites use HTTPS

Look for a lock icon (🔒) or a URL starting with https://.

Only share sensitive info on official, secure websites.

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ

မီဒီယာကျင့်ဝတ်ညွှန်ကြားချက်

မီဒီယာကျင့်ဝတ်ဆိုင်ရာ ညွှန်ကြားချက် အမှတ် ၀၈/၂၀၂၄ ထုတ်ပြန်

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ
ညွှန်ကြားချက်အမှတ် ၊ (၀၈/၂၀၂၄)
၂၀၂၄ ခုနှစ် ၊ ဧပြီလ (၁၆) ရက်
မီဒီယာကျင့်ဝတ်ဆိုင်ရာညွှန်ကြားချက်

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီမှ ကရင်နီပြည်သို့ ရောက်ရှိလာကြသော ပြည်တွင်းပြည်ပ သတင်းမီဒီယာများအပါအဝင် အလွတ်တန်းသတင်းထောက်များအတွက် မီဒီယာနှင့် စပ်ဆိုင်သော ကျင့်ဝတ်များနှင့် စပ်လျဥ်း၍ အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ရမည်-

  1. ကရင်နီပြည်အတွင်းသို့ သတင်းရယူရန် ရောက်ရှိလာကြသည့် မည်သည့်သတင်းမီဒီယာဌာနမဆို သက်ဆိုင်ရာသတင်းဌာန၏ ထောက်ခံစာနှင့်အတူ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ သို့ အသိပေးအကြောင်းကြားရန်၊
  2. နေထိုင်ခွင့်နှင့်ပတ်သက်၍ သက်ဆိုင်ရာ ကျေးရွာ/ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် မြို့နယ် အုပ်ချုပ်ရေးများသို့ အသိပေးအကြောင်းကြားရန်၊
  3. မီဒီယာလုံခြုံရေးအတွက် သတင်းသွားရောက်ရယူလိုသည့်နေရာကို သက်ဆိုင်ရာ တပ်မှူးတပ်ဖွဲ့များ၏ ခွင့်ပြုချက်ဖြင့် သွားလာရန်၊
  4. မြေပြင်သို့ သတင်းသွားရောက်ရယူသည့်အချိန်တွင် သက်ဆိုင်ရာ သတင်းမီဒီယာများ၏ ယူနီဖောင်းကို ဝတ်ဆင်ရန်နှင့် ဝန်ထမ်းကတ်ပြသ၍ သတင်းရယူခွင့်တောင်းခံရမည်။
  5. ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီသည် သတင်းမီဒီယာကို ထိန်းချုပ်မည် မဟုတ်ကြောင်း နှင့် မည်သည့်သတင်းဌာနမဆို လွတ်လွတ်လပ်လပ် သတင်းရယူခွင့်ရှိသည်။ သို့သော် ကရင်နီပြည်၏ စစ်ဆင်ရေးကိစ္စနှင့် အုပ်ချုပ်ရေးကိစ္စကို ထိခိုက်စေသည့်လုပ်ရပ်နှင့် တော်လှန်ရေးကာလတွင် တရားမဝင် အာဏာသိမ်းစစ်ကောင်စီကို အားပေးအားမြှောက် ဖြစ်စေသည့် လုပ်ရပ်များကို တားမြစ်သည်။
  6. တော်လှန်ရေးနယ်မြေ ဖြစ်သည့်အလျောက် မီဒီယာကျင့်ဝတ်ထက် ကျော်လွန်သည့် လုပ်ဆောင်ချက်များရှိခဲ့သော် သက်ဆိုင်ရာ သတင်းမီဒီယာဌာနတို့သည် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီမှ ခေါ်ယူပြီး စေ့စပ်ညှိနှိုင်းမှုတစ်ရပ်ကို ခံယူရမည်ဖြစ်သည်။
  7. ကရင်နီပြည်အတွင်းရှိ လူမျိုးစု၊ မျိုးနွယ်စုများ၏ ယဥ်ကျေးမှု ဓလေ့ထုံးတမ်းများကို လေးစားလိုက်နာရန်၊
  8. ကရင်နီပြည်အတွင်းသို့ ရောက်ရှိလာကြသော ပြည်တွင်းပြည်ပမှ သတင်းထောက်များအပါအဝင် အလွတ်တန်းသတင်းထောက်များသည် ဤမီဒီယာကျင့်ဝတ်ဆိုင်ရာ ညွှန်ကြားချက်များကို လေးစားလိုက်နာခြင်း မရှိပါက သတင်းရယူခွင့်ကို ပိတ်ပင်တားမြစ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန် လိုက်သည်။

ကြားကာလအုပ်ချုပ်ရေးကောင်စီ
ကရင်နီပြည်