ရုံးအမိန့်အမှတ်၊ (၇/၂ဝ၂၅)
စာအမှတ်၊ ၁၁/၁၁- အမိန့်စာ/(၅၉)
ရက်စွဲ ၊ ၂ဝ၂၅ ခုနှစ်၊ စက်တင်ဘာလ၊ (၂၂)ရက်
အမိန့်စာထုတ်ပြန်ခြင်း
ကရင်နီပြည်အတွင်းတွင်စစ်ကော်မရှင်မှရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်စစ်ကြောင်းများကိုရှေ့၊နောက်၊တောင်၊မြောက်ထိုးစစ်ဆင်လျက်ရှိပြီးအရပ်သားပြည်သူများကိုရန်သူသဖွယ်လိုသတ်မှတ်ကာအရပ်သားပြည်သူရှိရာသို့လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ခြင်း၊လေကြောင်းမှလေယာဉ်၊ဒရုန်းများဖြင့်ကြဲချခြင်းစသည်တို့ကိုနေ့စဉ်နှင့်အမျှတိုက်ခိုက်လျက်ရှိသည်။သို့ဖြစ်ပါ၍ဖွံဘော်ခွတ်မြို့နယ်အတွင်းရှိမိဘပြည်သူများအားလုံးလုံခြုံစေရေးအတွက်မြို့နယ်အုပ်ချုပ်ရေးကောင်စီနှင့်တပ်ရင်းတပ်ဖွဲ့များ၏အောက်ပါအမိန့်စာထုတ်ပြန်ချက်ကိုလိုက်နာဆောင်ရွက်သွားရန်အသိပေးအကြောင်းကြားအပ်ပါသည်-
(၁) မြို့နယ်အတွင်းရှိ စတားလင့်(Wifi) ဖွင့်ထားသော ဆိုင်များသည် ည(၀၉းဝဝ)နာရီအထိသာဖွင့်ရန်။
(၂) ည (ဝ၉းဝဝ) နာရီကျော်ပါက ကျေးရွာအတွင်း၌ဖြစ်စေ သွားလာလုပ်ရှား ခြင်းမပြုလုပ်ရန်။
(၃) ဖွံဘော်ခွတ်လမ်း အများအခေါ်အဝေါ် (တောင်ကတုံး) လမ်းမကြီးအား ည(၀၆းဝဝ)နာရီမှ နံနက် (ဝ၆းဝဝ)နာရီအထိ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ရန်။
သိန်းအောင်
ဖွံဘော်ခွတ်မြို့နယ်ဥက္ကဋ္ဌ
အမိန့်အရ
တပ်ရင်းမှူး
KNDF/B-16
တပ်ရင်းမှူး
KNDF/B-04
မြို့နယ်မှူး(ကစ)
KA အမှတ်(၅)မြို့နယ်
မိတ္တူကို-
-ပြည်သူ့အုပ်ချုပ်ရေးဌာနခွဲ၊ ပြည်ထဲရေးဌာန
-ရုံးလက်ခံ