

ပူးပေါင်းအုပ်ချုပ်ရေးကော်မတီ
နန်းမယ်ခုံမြို့နယ်
အမိန့်ကြော်ငြာချက်၊ ၀၀၃ /၂၀၂၅
ရက်စွဲ ၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်
မီးဘေးအန္တရာယ် ကာကွယ်တားဆီးရေး ထုတ်ပြန်ကြော်ငြာချက်
၁။ ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု/ကျေးရွာအတွင်း နေထိုင်ကြသော ပြည်သူများအနေဖြင့် ယခု လက်ရှိအချိန်တွင် ပွင့်လင်းရာသီရောက်ရှိလာပြီ ဖြစ်သည့်အတွက် မိမိနေအိမ်အတွင်းမီးဖိုချောင်သုံး မီးများသော်လည်းကောင်း၊ ဘေးပတ်ဝန်းကျင်ရှိအမှိုက်များမီးရှို့ခဲ့သော်လည်းကောင်း သေချာစွာမီးငြိမ်းသတ်ပြီး/မပြီး စစ်ဆေးပြီးမှအပြင်သို့ထွက်ခွာရန်ဖြစ်သည်။
၂။ နန်းမယ်ခုံမြို့နယ်အတွင်းရှိ တစ်ပိုင်တစ်နိုင် ဓာတ်ဆီ၊ဒီဇယ် ရောင်းချနေသော မိဘပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်မဖြစ်စေရန်နှင့် ( ၂၇ . ၁၂. ၂၀၂၄ ) ရက်နေ့ နန်းပြည့်အုပ်စု၊ ခေါခုကယားကျေးရွာတွင် ဖြစ်ပွားခဲ့သော ဓာတ်ဆီဆိုင်မီးလောင်မှု ဖြစ်စဉ် ပေါ့ဆမှုမျိုး ထပ်မံမဖြစ်စေရေးအတွက် အထူးသတိပေးဆောင်ရွက်စေပါသည်။
၃။ သို့ဖြစ်ပါ၍ ကျေးရွာရှိ မိဘပြည်သူများ အနေဖြစ် မိမိ၏ ပေါ့ဆမှုကြောင့် ဘေးပတ်ဝန်းကျင် ထိခိုက်နစ်နှာ ဆုံးရှုံးမှုရှိခဲ့ပါက မိမိတာဝန်သာဖြစ်ပါကြောင်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်းများ ကြိုတင်စီမံဆောင်ရွက်ထားပါကြောင်းနှင့် စစ်ဆေးတွေ့ရှိပါက လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်လိုက်ပါသည်။
မြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကော်မတီ
ဖြန့်ဝေခြင်း-
ရုံးလက်ခံ