ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ် ၁၂/၂၀၂၅
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် (၁၁) ရက်
(၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၁ ရက်)
ပြစ်ဒဏ်လျှော့ပေါ့ခွင့်နှင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်
(၁၅၀) နှစ်မြောက် ကရင်နီအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ကရင်နီပြည်၏ ကြားကာလအစီအမံ အပိုဒ် (၇၅)၊ အပိုဒ်ခွဲ (ခ) အရ အကျဉ်းထောင်/စခန်း အသီးသီးတွင် အကျဉ်းကျခံနေရသော အကျဉ်းသူ/သား (၁၇၆) ဦးအား အောက်ပါအတိုင်း ပြစ်ဒဏ်လျှော့ပေါ့ခွင့်နှင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များ ပေးလိုက်သည်-
(က) ပြစ်ဒဏ်လျှော့ပေါ့ခွင့် – ၁၄၈ ဦး
(ခ) ပြစ်ဒဏ်လွတ်ငြိမ်းခွင့် – ၂၈ ဦး
ခူဦးရယ်
ဥက္ကဋ္ဌ
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ