An Official Website of Karenni State Interim Executive Council Here’s how you know
IEC official website links

Usually end with .ieckarenni.org

Our Trusted websites external link

Secure websites use HTTPS

Look for a lock icon (🔒) or a URL starting with https://.

Only share sensitive info on official, secure websites.

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ

Karenni Interim Parliament

ကရင်နီပြည်ကြားကာလလွှတ်တော် ဖွဲ့စည်းခြင်း(၂) နှစ်ပြည့် ဂုဏ်ပြုသဝဏ်လွှာ

၁။ အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး၊ ဖက်ဒရယ်စနစ် ပေါ်ထွန်းရေးတို့ကို ဖော်ဆောင်ရန် ရည်မှန်းချက်ဖြင့် ကရင်နီပြည်၏ ကြားကာလအစီအမံနှင့်အညီ ကရင်နီပြည် ကြားကာလလွှတ်တော်ကို ဖွဲ့စည်းလာခဲ့သည်မှာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်၊ ယနေ့တွင် (၂) နှစ်တိတိ ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။
၂။ ကရင်နီပြည် ကြားကာလလွှတ်တော်သည် (၂) နှစ်တာ ကာလအတွင်း ကရင်နီပြည်အတွက် အရေးတကြီး လိုအပ်နေသော ဥပဒေများကို အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့သည့်အပြင် ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးဟူသော မဏ္ဍိုင် (၃) ရပ်အကြား အပြန်အလှန် ထိန်းကျောင်းမှုကို လက်တွေ့ကျင့်သုံးရာတွင် ဦးဆောင်ဦးရွက်မှု ပြုနိုင်ခဲ့သည်။
၃။ ကရင်နီပြည်ကြားကာလလွှတ်တော်အနေဖြင့် အနာဂတ်တွင် ကရင်နီပြည်၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ပိုမိုအထောက်အကူ ပြုစေမည့် ဥပဒေပြုရေးလုပ်ငန်းစဉ်များ၌ ဆထက်ထမ်းပိုး ဦးဆောင်ဦးရွက်မှု ပြုနိုင်ပါစေကြောင်း ဆန္ဒပြုလျက် ဤဂုဏ်ပြုသဝဏ်လွှာကို ပေးပို့အပ်ပါသည်။

ကရင်နီပြည်ကြားကာလ အုပ်ချူပ်ရေးကောင်စီ