အောက်တိုဘာလတွင် လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနမှ ဦးဆောင်၍ ဖယ်ခုံမြို့နယ်အတွင်း ထိုးစစ်ဆင်မှုများကြောင့် အရေးပေါ်ပြောင်းရွှေ့လာရသည့် စစ်ဘေးရှောင်ပြည်သူ (၆,၀၀၀) ကျော်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်တုံ့ပြန်ဖြေရှင်းနိုင်ရေးကို ဖယ်ခုံမြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးအဖွဲ့၊ သက်ဆိုင်ရာဌာနများ၊ မြို့နယ်အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများ၊ စစ်ရှောင်ကော်မတီများနှင့် ပူးပေါင်းညှိနှိုင်းခဲ့သည့် အစည်းအဝေးတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်အစည်းအဝေးတွင် စစ်ရှောင်များအတွက် အမိုးအကာ၊ စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ရေရရှိရေးနှင့် ရေရှည်နေရာချထားရေး အစီအမံများ ဖော်ဆောင်ရေးအတွက် ပူးပေါင်းဆောင်မှု အစီအစဥ်များကိုချမှတ်ခဲ့ပါသည်။