၂၀၂၅ ခုနှစ် အောက်တိုဘာလအတွင်းတွင် ကရင်နီပြည်အတိုင်ပင်ခံကောင်စီ၏ လုပ်ငန်းဆောင်ရွက်မှုတစ်ရပ်အနေဖြင့်၊ အတည်ပြုပြဋ္ဌာန်းထားသော “ကရင်နီပြည်ကြားကာလ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ မူဝါဒများ” ကို တောင်သူများထံ ပြန်လည်ချပြခြင်း ပြုလုပ်ခဲ့သည်။
ထိုအစည်းအဝေးတွင် တောင်သူများအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးနယ်ပယ်ဆိုင်ရာ မူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ဆောင်သင့်သည့် လမ်းညွှန်ချက်များကို ရှင်းလင်းချပြခဲ့ပြီး၊ တောင်သူများမှ မေးမြန်းမှုများ၊ အကြံပြုချက်များကို ရယူခဲ့သည်။
ဤအစည်းအဝေးမှတစ်ဆင့် စိုက်ပျိုးမွေးမြူရေးမူဝါဒကို တောင်သူများမှနားလည်သဘောပေါက်ပြီး မူဝါဒနှင့်အည်ီ စိုက်ပျိုးမွေးမြူရေးကဏ္ဍကို တိုးတက်အောင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်သည်။