An Official Website of Karenni State Interim Executive Council Here’s how you know
IEC official website links

Usually end with .ieckarenni.org

Our Trusted websites external link

Secure websites use HTTPS

Look for a lock icon (🔒) or a URL starting with https://.

Only share sensitive info on official, secure websites.

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ

တနင်္သာရီဖက်ဒရယ်ယူနစ်ဖော်ဆောင်ရေးကောင်စီ ဖွဲ့စည်းမှုအပေါ် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခြင်း

တနင်္သာရီဖက်ဒရယ်ယူနစ် ဖော်ဆောင်ရေးကောင်စီ ဖွဲ့စည်းနိုင်ခဲ့ခြင်းသည် တိုင်းရင်းသားပြည်သူများ၏ ဆန္ဒကို အကောင်အထည်ဖော်ခြင်းဖြစ်ပြီး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ခရီးတွင် အလွန်အရေးကြီးသော သမိုင်းဝင်ခြေလှမ်းတစ်ခုဖြစ်ကြောင်း၊ ဝမ်းမြောက်စွာ အသိအမှတ် ပြုကြောင်းနှင့် ဦးဆောင်သူများ၏ ကြိုးပမ်းအားထုတ်မှုများကို ချီးကျူးဂုဏ်ပြုကြောင်း ဖော်ပြလိုပါသည်။

ဤဖွဲ့စည်းမှုသည် ပြည်သူတို့၏ အခြေခံရပိုင်ခွင့်များ၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို အာမခံမည့် ဖက်ဒရယ်ပြည်ထောင်စုစနစ်ဆီသို့ ဦးတည်နေသည်ဟု အခိုင်အမာ ယုံကြည်ပါသည်။

မိမိတို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီနှင့် တနင်္သာရီဖက်ဒရယ်ယူနစ် ဖော်ဆောင်ရေး ကောင်စီ တို့အကြား အပြန်အလှန် လေးစားမှုနှင့် တန်းတူညီမျှသော မူများအပေါ်တွင် ခိုင်မာသော ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း နှင့် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးဟူသော ဘုံရည်မှန်းချက်များ အောင်မြင်ရန်အတွက် အတူတကွ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြလိုပါသည်။

အနာဂတ် ကာလတွင် တနင်္သာရီဖက်ဒရယ်ယူနစ်၌ တည်ငြိမ်အေးချမ်းမှု၊ တရားမျှတမှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်မှုများ အပြည့်အဝရရှိပါစေကြောင်း ဆန္ဒပြုရင်း ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ