မလေးရှားနိုင်ငံ၏ ၂၀၂၅ ခုနှစ် အာဆီယံ ဥက္ကဋ္ဌတာဝန် တစ်လျှောက်လုံးတွင် မြန်မာ့အရေး သက်ဆိုင်သူ များ အားလုံးပါဝင်သော အစည်းအဝေးများ (Stakeholder Engagement Meetings on Myanmar – SEMs) ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဋ္ဌ ၏ အထူးသံတမန်က ဦးစီးကျင်းပခဲ့ရာ အဓိက သက် ဆိုင်သူများ ဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC)၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH)၊ တိုင်းရင်းသား တော် လှန်ရေး အဖွဲ့အစည်းများ (EROs)၊ အတိုင်ပင်ခံကောင်စီများ၊ ဖက်ဒရယ်ယူနစ်များနှင့် အခြားသော ကိုယ်စားလှယ်အဖွဲ့များစုစည်းတက်ရောက်ခဲ့ကြသည်။
အဆိုပါ အစည်းအဝေးများသည် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းကိုဖြေရှင်း နိုင်ရေး၊ အကြမ်းဖက်မှုများ ရပ်စဲရေး၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် လုံး ပါဝင်မှုရှိသော နိုင်ငံရေးဆွေးနွေးပွဲ အပါအဝင် အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို ထိရောက် စွာ အကောင်အထည် ဖော်ဆောင်နိုင်ရေး တို့အတွက် မဟာဗျူဟာနှင့် အကြံပြုချက်များ၊ အာဏာသိမ်း စစ်အုပ်စုက စီစဉ်ထားသော အတုအယောင် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးနိုင်ရန် အားလုံး ပါဝင်မှုရှိသော အခင်းအကျင်းတခုအဖြစ် ဖော်ဆောင်ခဲ့ပါသည်။
မြန်မာ့အရေး သက်ဆိုင်သူများ အားလုံး ပါဝင်သော အစည်းအဝေးများ (SEMs) တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာနိုင်ငံတွင် ဆိုးရွားလာနေသည့် အခြေ အနေအပေါ်စိုးရိမ်ကြောင်း ထပ်လောင်း ပြောကြားခဲ့ကြပြီး ဒီမိုကရေစီ ပြန်လည် ရရှိရေးနှင့် လူ့အခွင့်အရေးများကို ထိန်းသိမ်းမြှင့်တင်ရန် တညီတညွတ်တည်း ကတိကဝတ် ပြုခဲ့ကြသည်။ အာဆီယံ၏ ဘုံ သဘောတူညီချက် ငါးရပ် ချမှတ်ခြင်းကို အသိအမှတ်ပြုလျက် အရပ်သားများအပေါ် စစ်တပ်၏ ဆက် လက်ကျူးလွန်နေသော အကြမ်းဖက်မှုများနှင့် အာဆီယံ ပဋိညာဉ်တွင် ပါဝင်သော အခြေခံမူများအပါ အဝင် ဒီမိုကရေစီ စံနှုန်းများကို ပြောင်ပြောင်တင်းတင်း လျစ်လျူရှုခြင်းများအတွက် သက်ဆိုင်သူများ အနေဖြင့် ဘုံသဘောတူညီချက် များအကောင်အထည် ဖော်ဆောင်နိုင်မှု အားနည်းခြင်းအပေါ် စိုးရိမ် ကြောင်း သတိပေးခဲ့ကြသည်။
အစည်းအဝေး၏ အဓိကရလဒ်များမှာ အောက်ပါအတိုင်းဖြစ်သည် –
၁။ စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲများကို ငြင်းပယ်ခြင်း – သက်ဆိုင်သူများအနေဖြင့် စစ် အုပ်စု စီစဉ်ထားသော ရွေးကောက်ပွဲသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအရေခြုံကာ စစ်အုပ်ချုပ်ရေး ကို ခိုင်မာစေရန် ပုံဖော်ရေးဆွဲထားမှုအဖြစ်သတ်မှတ်ပြီး တညီတညွတ်တည်း ရှုတ်ချလိုက်သည်။ ဤ ရွေးကောက်ပွဲများသည် အကြမ်းဖက်မှုများ ရပ်စဲရေး၊ အားလုံးပါဝင်မှုရှိသော နိုင်ငံရေးဆွေးနွေးမှုပေါ် ပေါက်ရေးနှင့် လိုအပ်နေသူအားလုံးအတွက် အဟန့်အတားမရှိ လူသားချင်း စာနာထောက်ထားမှု အကူ အညီများပေးအပ်နိုင်ရေးတို့အားဦးစားပေးသည့် အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို တိုက်ရိုက် ဖီ လာဆန့်ကျင်နေသည်။ လက်ရှိ ဖြစ်ပွားနေသော အကြမ်းဖက်မှုများ၊ အကူအညီများကို ငြင်းပယ်ခြင်း နှင့် အဓိက သက်ဆိုင်သူများကို ချန်လှပ်ထားခြင်းတို့ကြားတွင် တစ်ဖက်သတ် ရွေးကောက်ပွဲများ ဆက် လက် ကျင်းပြခြင်းသည် တရားမဝင်သလို၊ အာဆီယံ၏ လုပ်ပိုင်ခွင့်နှင့် ယုံကြည်စိတ်ချရမှုကို တိုက် ရိုက်ထိပါးခြင်းလည်း ဖြစ်သည်။ စစ်အုပ်စုမှ ဘုံသဘောတူညီချက်ငါးရပ်ကို အတိအလင်းချိုးဖောက် နေစဉ် ၎င်းတို့ အာဏာနှင့် လမ်းပြမြေပုံကို တရားဝင်စေရေးအာဆီယံကို ကြိုးကိုင်ခြယ်လှယ်ရန် ကြိုး ပမ်းမှုများကို သက်ဆိုင်သူအားလုံးသည် စည်းလုံးညီညွတ်စွာ ငြင်းပယ်ကြောင်း။
၂။ တော်လှန်ရေးအင်အားစုများအကြား စည်းလုံးညီညွတ်ရေး – ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံအ တွက် သဘောမျှ လက်ခံထားသော မျှော်ရည်ချက်သို့ တက်လှမ်းရာတွင် အင်အားစု အားလုံးအကြား စည်း လုံးညီညွတ်မှု၏ အရေးပါမှုကို အလေးထားကြောင်း။
၃။ တိကျပြတ်သားသော အာဆီယံ လုပ်ဆောင်ချက်ကို တောင်းဆိုခြင်း – သက်ဆိုင်သူများသည် ဘုံသ ဘောတူညီချက် ငါးရပ်နှင့်အညီ အကြမ်းဖက်မှုများ အဆုံးသတ်နိုင်၊ အရပ်သားများကို ကာကွယ်နိုင်၊ အားလုံးပါဝင်မှုရှိသော နိုင်ငံရေး ဆွေးနွေးပွဲများ တိုးတက်လာနိုင်ရန်၊ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးတို့ကို ဆောင်ကြဉ်းပေးနိုင်မည့် လက်တွေ့ကျသော၊ လက်ဆုပ်လက်ကိုင် ပြနိုင်သော၊ အချိန်သတ်မှတ်ချက်ရှိသော အစီအမံများအဖြစ် အကောင်အထည်ဖော် ရန် အာဆီယံကို တိုက်တွန်း ကြောင်း။
၄။ လူသားချင်း စာနာထောက်ထားမှု၏ မရှိမဖြစ် အရေးကြီးမှု – သက်ဆိုင်သူများအနေဖြင့် လူသား ခြင်းစာနာထောက်ထားမှုအကူအညီများကို အရေးပေါ်၊ ရေရှည် စနစ်တကျပေးအပ်နိုင်ရန်၊ နယ်စပ်ဖြတ် ကျော် အကူအညီ ပို့ဆောင်ရေး ယန္တရားများ၊ အထူးသဖြင့် ပဋိပက္ခနယ်မြေများအတွင်းမှ အကူအညီ အလိုအပ်ဆုံးသူများထံသို့ အကူအညီများ အသေအချာ ရောက်ရှိစေရန် ၊ ပြည်တွင်းနှင့် ရပ်ရွာအခြေပြု အဖွဲ့အစည်းများနှင့် မိတ်ဘက်ဖွဲ့ ပူးပေါင်းဆောင်ရွက်ခြင်းများ၏ အရေးပါမှုကို အလေးပေးကာလူသား ချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ချက်ချင်း ပေးအပ်နိုင်ရန်နှင့် ဆက်လက် တည်တံ့ သော အကူအညီများ ပေးအပ်ရန် တိုက်တွန်းကြောင်း၊
၅။ အားလုံး ပါဝင်မှုရှိသော နိုင်ငံရေး ဆွေးနွေးပွဲ – NUG INUCC ၊ EROSနှင့် အမျိုးမျိုးသော ကိုယ်စား လှယ်များအပါအဝင် ဖက်ဒရယ် ဒီမိုကရေစီနှင့် စနစ်ပြောင်းလဲမှုဆိုင်ရာ နိုင်ငံရေး ရည်မှန်းချက်ခြောက် ခုကို ကတိပြုလက်ခံထားသည့် တရားဝင်သော သက်ဆိုင်သူ၊ ပါဝင်ပတ်သက်သူတဦးတယောက်မျှမ ကျန် အကျုံးဝင်သည့် အားလုံး ပါဝင်မှုရှိသော နိုင်ငံရေးလုပ်ငန်းစဉ်သာလျှင်ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ထွက်ပေါ်လာနိုင်ရန်၊ အာဆီယံ၏ တွေ့ဆုံဆွေးနွေးရေး ကြိုးပမ်းမှုများသည် အဓိပ္ပာယ် ပြည့်ဝပြီး ပါဝင်ဆောင်ရွက်မှု ရှိသည့် ချဉ်းကပ်မှုမှတဆင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိရန် ဤအားလုံး ပါဝင်နိုင်ရေးသည် ထင်ဟပ်ရမည်ဖြစ်ကြောင်း၊
၆။ ဒေသတွင်း တည်ငြိမ်ရေး – စစ်အုပ်စု၏ အာဏာသိမ်းရန် ကြိုးပမ်းမှုနှင့် အရပ်သားများအပေါ် အရပ်ဘက်စစ်ဘက် ခွဲခြားမှုမရှိ တိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံ၏ အကျပ်အတည်းသည် ဒေသတွင်း နက်ရှိုင်းသော ဂယက်ရိုက်ခတ်မှုများရှိကာ နယ်စပ်ဖြတ်ကျော် လုံခြုံရေး၊ ရွှေ့ပြောင်း အခြေချနေထိုင်မှုတည်ငြိမ်ရေးနှင့် စီးပွားရေး တည်တံ့ခိုင်မြဲမှုတို့ကို ခြိမ်းခြောက်နေကြောင်း သက်ဆိုင်သူများမှ မီးမောင်း ထိုးပြခဲ့သည်။ အရှေ့တောင်အာရှ၏ စုပေါင်းငြိမ်းချမ်းမှုနှင့် အများယုံကြည်လက်ခံနိုင်စွမ်း တို့ ပို၍ ထိ ခိုက်ပျက်ယွင်းစေခြင်းမှ တားဆီးကာကွယ်ရန်ခိုင်မာပြီး စည်းလုံးညီညွတ်သော အာဆီယံ၏ တုံ့ပြန်မှု တရပ်သည် မရှိမဖြစ် လိုအပ်ကြောင်း ဤ အစည်းအဝေးများက ထပ်မံ အတည်ပြုခဲ့သည်။
နိဂုံးချုပ်အနေဖြင့် အာဆီယံဥက္ကဋ္ဌအဖြစ် ခေါင်းဆောင်မှုပေးခဲ့သော မလေးရှားနိုင်ငံ၏ မြန်မာနိုင်ငံ အကျပ်အတည်း ဖြေရှင်းရေးတွင် အားလုံးပါဝင်မှုရှိသော၊ စည်းစနစ်ကျသော ချဉ်းကပ်မှုတစ်ရပ်ကို မြှင့်တင်ပေးခဲ့သော မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဋ္ဌ၏ အထူးသံတမန် HE Tan Sri Othman Hashim တို့အား သက်ဆိုင်သူများမှ အထူး ကျေးဇူး ဥပကာရ တင်ရှိပါသည်။
အစည်းအဝေးကို အောက်ပါရှင်းလင်းပြတ်သားသော အသိပေးချက် တခုဖြင့် အဆုံးသတ်သည်။ စစ် အုပ်ချုပ်ရေးကို တရားဝင်ဖြစ်စေမည့် ရှေ့ခရီးလမ်းဟူ၍ လုံးဝ မရှိဘဲ မည်သည့် နိုင်ငံရေး သို့မဟုတ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ မူဘောင်မဆို ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ ဒီမိုကရေစီနှင့် အားလုံးအတွက် တန်းတူညီမျှမှုကို အာမခံသော ဖက်ဒရယ်ပြည်ထောင်စုအတွက် မြန်မာပြည်သူများ ၏ ဆန္ဒနှင့် မျှော်မှန်းချက်များတွင် အခြေခံ ရမည်။
အာဆီယံ ဥက္ကဋ္ဌ နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးအား ဘုံသဘောတူညီချက်ငါးရပ်၏ တည်တံ့ခိုင်မြဲမှု ကို ဆက်လက်ထိန်းသိမ်းရန်နှင့် ၎င်း၏ အခြေခံမူများကို ချိုးဖောက်သည့် မည်သည့်လုပ်ငန်းစဉ်ကိုမဆို ငြင်းပယ်ချရန် ကျွန်ုပ်တို့ တောင်းဆိုသည်။ အာဆီယံ၏ ဦးဆောင်မှုနှင့် အများယုံကြည်လက်ခံနိုင်စွမ်း သည် နိုင်ငံတကာစံနှုန်းများကို ဖီဆန်၊ ရက်စက်ယုတ်မာမှုများ ကျူးလွန်၊ လူသားချင်းစာနာမှုဆိုင်ရာ ကူအညီများကို တားဆီးပိတ်ဆို့သော သူများနှင့်အတူ မရပ်တည်ဘဲ မြန်မာပြည်သူလူထုနှင့်အတူ ခိုင်မာ စွာ ရပ်တည်ခြင်းအပေါ်မူတည်သည်။
တရားမျှတမှု၊ ပါဝင် ပေါင်းစည်းမှုရှိရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်တွင် အမြစ်တွယ်နေသည့် စစ် မှန်သော နိုင်ငံရေးအသွင်ကူးပြောင်းမှုကို တိုးတက်လာစေရန် အာဆီယံ၊ ကုလသမဂ္ဂ၊ နိုင်ငံတကာ မိတ် ဘက်များနှင့် အပြုသဘောဖြင့် လုပ်ဆောင်ရန် ကျွန်ုပ်တို့၏ ကတိကဝတ်ကို ထပ်မံ အတည်ပြုသည်။ အကြမ်းဖက်မှုများ အဆုံးသတ်သော၊ လူသားချင်း စာနာထောက်ထားမှု ရရှိရေး အာမခံသော၊ စစ်မှန်သော နိုင်ငံရေးဆွေးနွေးမှုတွင် အသိုက်အဝန်းများ အားလုံး ပါဝင်အကျုံးဝင်သော လုပ်ငန်းစဉ်တရပ်မှ သာလျှင် မြန်မာနိုင်ငံသည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဆီသို့ ဦးတည်သွားနိုင် ပြီး အာဆီယံမိသားစု၏ တာဝန်ယူမှုရှိသော အဖွဲ့ဝင်တဦး ဖြစ်လာပေမည်။
တောင်းဆိုချက်များ
၁။ အာဏာသိမ်းစစ်အုပ်စုမှ စီစဉ်သော ရွေးကောက်ပွဲများသည် ဘုံသဘောတူညီချက်ငါးရပ် သို့မဟုတ် နိုင်ငံတကာ စံနှုန်းများအရ တရားဝင်မှု လုံးဝ မရှိသောကြောင့် ထိုသို့သော မည်သည့် ရွေးကောက်ပွဲများ ကိုမဆို ငြင်းပယ်ပါ၊ အသိအမှတ်ပြုခြင်းကို ငြင်းဆိုပါ။
၂။ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုများကို ရပ်တန့်ခြင်း၊ စောင့်ကြည့်ခြင်းနှင့် သ တင်း ပို့ တိုင်ကြားခြင်း ယန္တရားများကို အားကောင်းစေခြင်း၊ပြည်တွင်း၊ ဒေသခံနှင့် နယ်စပ်ဖြတ်ကျော် လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အကာအကွယ်ပေးရေး ကွန်ရက်များကို ပံ့ပိုးပေးခြင်းအပါ အဝင် အရပ် သားများအပေါ်အကြမ်းဖက်မှုများမှ ကာကွယ်ရန် လက်ငင်းအစီအမံများ ဆောင်ရွက်ပါ။
၃။ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေနှင့် လူ့အခွင့်အရေးဥပဒေကို ပြင်းထန်စွာ ချိုးဖောက်မှုများ မြောက်သည့် စနစ်တကျ လေကြောင်းတိုက်ခိုက်မှုများ၊ အစုလိုက်အပြုံလိုက် သတ် ဖြတ်ခြင်းများနှင့် အရပ်သားများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အလုပ်သမားများ အား တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စု၏ လက်ရှိ ဖြစ်ပေါ်နေသော ရက်စက်ကြမ်းကြုတ်မှုများ အပေါ် နှုတ်ဆိတ်နေခြင်းကို အဆုံးသတ်ပါ။
၄။ ဥပဒေမဲ့ ဖမ်းဆီး ထိန်းသိမ်း ခံထားရသော သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သတင်းထောက်များ၊ တက်ကြွလှုပ်ရှားသူများနှင့် ရပ်ရွာခေါင်းဆောင်များ အပါ အဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုပါ။
၅။ လိုက်နာခြင်းနှင့် တာဝန်ခံမှုကို အားဖြည့်ပေးသည့် သံတမန် အစီအမံများ၊ အာဆီယံအစည်းအဝေး များ တက်ရောက်ခွင့်ကို ဆိုင်းငံ့ခြင်း၊ ညှိနှိုင်းဆောင်ရွက်သော နိုင်ငံတကာ လုပ်ဆောင်ချက်များမှတဆင့်အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်၏ ဆက်လက် လိုက်နာမှု မရှိခြင်းနှင့် ဖီဆန်ခြင်းအတွက် စစ် အုပ်စုအား တာဝန်ခံစေရန် လုပ်ဆောင်ပါ။
၂၀၂၅ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌဖြစ်သော မလေးရှားနိုင်ငံသည် အာဆီယံ၏အခြေခံမူများကို ထပ်မံ အတည်ပြုပြီး ဒေသတွင်း ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကတိကဝတ် များကို အထိအခိုက်မခံရအောင် ပြတ်ပြတ်သားသား ဆက်လက် ဦးဆောင်နိုင်မည်ဟု မျှော်လင့်ပါ သည်။ မူကို အခြေခံပြီး စုပေါင်းဆောင်ရွက်သော လုပ်ဆောင်ချက်မှာသာလျှင် အာဆီယံနှင့် နိုင်ငံတ ကာအသိုက်အဝန်းသည် မြန်မာနိုင်ငံ၏ အရပ်သားများအပေါ်အကြမ်းဖက်မှုများကို အဆုံးသတ်စေပြီး ငြိမ်းချမ်းသော၊ အားလုံးပါဝင်မှုရှိသော ဖက်ဒရယ်ဒီမိုကရေစီအနာဂတ်ဆီသို့ လမ်းကြောင်း ဖွင့်ပေးနိုင် ပေမည်။
ဆက်သွယ်မေးမြန်းလိုပါက ဒေါ်ဇင်မာအောင် ([email protected]) သို့ ဆက်သွယ်ပါ။
လက်မှတ်ရေးထိုးသောအဖွဲ့အစည်းများ –
၁။မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)
၂။ အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) ၃။ ချင်းအမျိုးသားတပ်ဦး (CNF)
၄။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)
၅။ Critical Movement အဖွဲ့
၆။ စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း
၇။ Kachin Political Interim Coordination Team (KPICT)
၈။ ကရင်အမျိုးသားအစည်းအရုံး (KNU)
၉။ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)/ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)
၁၀။ မကွေး ဒေသ တော်လှန်ရေး အင်အားစုများ ကွန်ရက်
၁၁။ မန္တလေးတိုင်းဒေသကြီးလွှတ်တော်
၁၂။ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)
၁၃။ မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင် လူမျိုးစုများ အတိုင်ပင်ခံ ကော်မတီ (MMMCC)
၁၄။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)
၁၅။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)
၁၆။ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP(AD)
၁၇။ ပအိုဝ်း အမျိုးသား ဖက်ဒရယ် ကောင်စီ (PNFC)
၁၈။ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)
၁၉။ ရိုဟင်ဂျာ အတိုင်ပင်ခံ ကောင်စီ (ယာယီ) (RCC)
၂ဝ။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်
PDF ကိုဒေါင်းလုဒ်ရယူရန် –
⬇️ ဒေါင်းလုဒ်ရယူရန်