
တတိယအကြိမ် စစ်ကိုင်းဖိုရမ်သို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် တရားမဝင် အာဏာသိမ်းစစ်တပ်သည် နိုင်ငံ့အာဏာကို မမှန်ကန်သော နည်းလမ်းဖြင့် အဓမ္မ သိမ်းပိုက်ခဲ့သည်။ ထိုအချိန်မှစ၍ စစ်ကိုင်းတိုင်းရှိ ပြည်သူများသည် မိမိတို့၏ အသက်သွေးချွေးများကို ရင်းကာ စစ်အာဏာရှင်နှင့် အာဏာရှင်ဟူသမျှကို တော်လှန် တိုက်ခိုက်နေကြသည်မှာ ယနေ့အထိ ဖြစ်သည်။ စစ်ကိုင်းတိုင်းအတွင်းရှိ

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ အမျိုးသမီးနှင့်ကလေးသူငယ်ရေးရာဌာန၏ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် သတင်းစကား
၁။ ၂၀၂၅ခုနှစ်၊ မတ်လ (၈) ရက်နေ့၌ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် အမျိုးသမီးအရေး၊ ဂျဲန်ဒါတန်းတူညီမျှရေးနှင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ကဏ္ဍပေါင်းစုံမှ မဆုတ်မနစ်ပါဝင်လုပ်ဆောင်နေကြသော ကရင်နီ ပြည်မှ အမျိုးသမီးအဖွဲ့အစည်းများအပြင် လူပုဂ္ဂိုလ်တစ်ဦးချင်းစီအားလုံးကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ၊ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာန အနေဖြင့် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

ကရင်နီပြည်ရဲ(KSP) တည်ထောင်ခြင်း (၃) နှစ်ပြည့် အထိမ်းအမှတ် မိန့်ခွန်း
လေးစားအပ်ပါသော ကရင်နီပြည်သူများနှင့် ကရင်နီပြည်ရဲများအားလုံးခင်ဗျာ ယနေ့ဟာ ကရင်နီပြည်နယ်အတွက် သမိုင်းဝင်နေ့ တနေ့ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကရင်နီပြည်သူလူထုအားလုံး၊ ကရင်နီပြည်နယ်အတွင်းရှိ အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်များ အားလုံး၊ ကရင်နီပြည်ရှိ ပြည်သူရဲအဖြစ် ရပ်တည်တဲ့ လုံခြုံရေးဝန်ထမ်းများအားလုံးဟာ ကရင်နီပြည်အတွင်း တရားဥပဒေစိုးမိုးရေးအောက်မှာ အတူရပ်တည် နေထိုင်ကြမယ်လို့ ဆုံးဖြတ်တဲ့အတွက် သမိုင်းဝင်နေ့ဖြစ်တယ်။ မြန်မာနိုင်ငံတဝန်းလုံးမှာ အာဏာရှင်စစ်တပ်ကနေ

(၁၄၉) နှစ်မြောက် ကရင်နီအမျိုးသားနေ့သို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီမှ ပေးပို့သော ဂုဏ်ပြု သဝဏ်လွှာ
၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့တွင် ကျရောက်သော (၁၄၉) နှစ်မြောက် ကရင်နီအမျိုးသားနေ့ နေ့ထူးနေ့မြတ်တွင် ခေတ်အဆက်ဆက် စစ်အာဏာရှင်နှင့် အာဏာရှင်ဟူသမျှကို နည်းလမ်းအမျိုးမျိုးဖြင့် တော်လှန် တိုက်ပွဲဝင်ခဲ့ကြသည့် ကရင်နီပြည်လူထုနှင့်တကွ .. ကမ္ဘာအရပ်ရပ်တွင်ရှိသော ကရင်နီပြည် ပြည်သူလူထုများအပါအဝင် မြန်မာပြည်သူများအားလုံး အဖိနှိပ်ခံဘဝမှ အမြန်ဆုံး လွတ်မြောက်

အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်း (၃) နှစ်ပြည့် အထိမ်းအမှတ်သို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီမှ ပေးပို့သော သဝဏ်လွှာ
ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရသည် တရားမဝင်အကြမ်းဖက်စစ်တပ်အား ဆန့်ကျင် တော်လှန်ရေး ကွဲပြားစုံလင်သော တိုင်းရင်းသားတော်လှန်ရေး အင်အားစုများနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် လက်တွဲတိုက်ပွဲဝင်လာခဲ့သည်မှာ သုံးနှစ်ပြည့်ပြီဖြစ်ပါသည်။ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် သုံးနှစ်တာတော်လှန်ရေးကာလအတွင်း အမျိုးသား တန်တူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဖော်ဆောင်ခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးတို့ကို စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ခြင်း၊ ပြည်သူလူထုများတော်လှန်ရေးတွင် ဆက်လက်ပါဝင် နိုင်စေရန်အတွက် ကြိုးပမ်းဆောင်ရွက်ခြင်း၊

(၅၆)နှစ်မြောက် ကယောအမျိုးသားနေ့သို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီမှ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ
၂ဝ၂၄ ခုနှစ်၊ ဧပြီလ (၁၅) ရက်၊ ယနေ့တွင် ကျရောက်သည့် (၅၆) နှစ်မြောက် ကယောအမျိုးသားနေ့ အချိန်အခါသမယ၌ ကယောအမျိုးသားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၍ ဘေးကင်း လုံခြုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ဤနေ့ထူးနေ့မြတ်ကို ဂုဏ်ပြုကြိုဆို လိုက်ပါသည်။ ကယောအမျိုးသားရေး ဝိသေသလက္ခဏာများကို ဖော်ထုတ်နိုင်ရေးအတွက် ကယောအမျိုးသားနေ့ ပွဲတော်ကို