
ကရင်နီပြည်ကြားကာလလွှတ်တော် ဖွဲ့စည်းခြင်း(၂) နှစ်ပြည့် ဂုဏ်ပြုသဝဏ်လွှာ
၁။ အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး၊ ဖက်ဒရယ်စနစ် ပေါ်ထွန်းရေးတို့ကို ဖော်ဆောင်ရန် ရည်မှန်းချက်ဖြင့် ကရင်နီပြည်၏ ကြားကာလအစီအမံနှင့်အညီ ကရင်နီပြည် ကြားကာလလွှတ်တော်ကို ဖွဲ့စည်းလာခဲ့သည်မှာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်၊ ယနေ့တွင် (၂) နှစ်တိတိ ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ ၂။

(၇၇) ကြိမ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ၏ ဂုဏ်ပြုသဝဏ်လွှာ
၁။ ယနေ့သည် ကရင်နီ တစ်မျိုးသားလုံးလွတ်လပ်ရေး၊ တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်ပွဲဝင်ခဲ့သည်မှာ နှစ်ပေါင်း (၇၇) နှစ်ပြည့်ခဲ့ပြီဖြစ်ပါသည်။ (၇၇) နှစ်တာကာလအတွင်း အသက်နှင့် ကိုယ်လက်အင်္ဂါပေးဆပ်ပြီး တိုက်ပွဲဝင်ခဲ့ကြသည့် အာဇာနည်သူရဲကောင်းများကို အောက်မေ့သတိရ ဂုဏ်ပြုရမည့် နေ့ဖြစ်သည့်အတွက် ကရင်နီပြည်သူတစ်ရပ်လုံးနှင့် သက်ဆိုင်သော နေ့တစ်နေ့လည်း ဖြစ်ပါသည်။ ၂။ ခေတ်အဆက်ဆက်အုပ်ချုပ်ခဲ့သည့်

(၁၅၀) နှစ်မြောက် ကရင်နီအမျိုးသားနေ့သို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ၏ ဂုဏ်ပြုသဝဏ်လွှာ
၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့တွင် ကျရောက်သော (၁၅၀) နှစ်မြောက် ကရင်နီအမျိုးသားနေ့ နေ့ထူးနေ့မြတ်တွင် ခေတ်အဆက်ဆက် စစ်အာဏာရှင်နှင့် အာဏာရှင်ဟူသမျှကို နည်းလမ်းအမျိုးမျိုးဖြင့် တော်လှန် တိုက်ပွဲဝင်ခဲ့ကြသည့် ကရင်နီပြည်လူထုနှင့်တကွ ကမ္ဘာအရပ်ရပ်တွင်ရှိသော ကရင်နီပြည် ပြည်သူလူထုများအပါအဝင် မြန်မာပြည်သူများအားလုံး အဖိနှိပ်ခံဘဝမှ အမြန်ဆုံးလွတ်မြောက် ပါစေကြောင်း ဆုတောင်းမေတ္တာ

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တည်ထောင်ခြင်း (၄)နှစ်ပြည့် အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာ
၁။ ယနေ့ကျရောက်သည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တည်ထောင်ခြင်း (၄) နှစ်ပြည့် အချိန်အခါ သမယတွင် ကရင်နီ တစ်မျိုးသားလုံးနှင့်အတူ အခန်းကဏ္ဍ အသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) မှ တပ်ဖွဲ့ဝင်များ အားလုံး ဘေးအန္တရာယ် ကင်းဝေးပါစေကြောင်း ဦးစွာဆုမွန်ကောင်း တောင်းလိုက်ပါသည်။ (၄)

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ပျံလွန်တော်မူခြင်းအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာ
ရိုမန်ကက်သလစ်အသင်းတော်၏ (၂၆၆) ပါးမြောက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၁) ရက်၊ သက်တော် (၈၈) နှစ်တွင် ပျံလွန်တော်မူသွားကြောင်း ကြားသိရ၍ ကမ္ဘာတစ်ဝန်းရှိ ကက်သလစ်ဘာသာဝင်များနှင့် ထပ်တူ ဝမ်းနည်းရပါသည်။ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ခရစ်ယာန်များအကြား စည်းလုံးညီညွတ်မှုကို မြှင့်တင်ကြိုးပမ်းခဲ့သည်သာမက ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှုနှင့်

တတိယအကြိမ် စစ်ကိုင်းဖိုရမ်သို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် တရားမဝင် အာဏာသိမ်းစစ်တပ်သည် နိုင်ငံ့အာဏာကို မမှန်ကန်သော နည်းလမ်းဖြင့် အဓမ္မ သိမ်းပိုက်ခဲ့သည်။ ထိုအချိန်မှစ၍ စစ်ကိုင်းတိုင်းရှိ ပြည်သူများသည် မိမိတို့၏ အသက်သွေးချွေးများကို ရင်းကာ စစ်အာဏာရှင်နှင့် အာဏာရှင်ဟူသမျှကို တော်လှန် တိုက်ခိုက်နေကြသည်မှာ ယနေ့အထိ ဖြစ်သည်။ စစ်ကိုင်းတိုင်းအတွင်းရှိ