An Official Website of Karenni State Interim Executive Council Here’s how you know
IEC official website links

Usually end with .ieckarenni.org

Our Trusted websites external link

Secure websites use HTTPS

Look for a lock icon (🔒) or a URL starting with https://.

Only share sensitive info on official, secure websites.

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ

စစ်ရာဇဝတ်မှု

မိုဆိုကျေးရွာအနီး အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရမှု (၂) နှစ်ပြည့် ထုတ်ပြန်ချက်

ထုတ်ပြန်ချက်အမှတ်(၅/၂၀၂၃)
၂၀၂၃ ခုနှစ်၊ဒီဇင်ဘာလ(၂၄)ရက်

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့၊ ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီး အပြစ်မဲ့အရပ်သား ပြည်သူများ နှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ အစုလိုက်အပြုံလိုက်မီးရှို့သတ်ဖြတ်ခံရမှု (၂) နှစ်ပြည့် ထုတ်ပြန်ချက်

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၄) ရက်နေ့ ခရစ္စမတ်အကြိုနေ့ ၌ ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးတွင် တပ်မ (၆၆) ၏ လက်အောက်ခံ ခမရ (၁၀၈) တပ်ရင်း မှ တပ်ဖွဲ့ဝင်များ သည် အမျိုးသမီးများနှင့် အသက်မပြည့်သေးသည့် ကလေးသူငယ်များ အပါအဝင် စစ်ရှောင်ပြည်သူများ (၄၀) ကျော် အပြင် နယ်ခြား စောင့်တပ်ရင်း (၁၀၀၄) တပ်ဖွဲ့ဝင် မှ (၄) ဦး Save The Cheildren ဝန်းထမ်း (၂) ဦးနှင့် ၄င်းတို့၏ ဒန်ပါကား (၃) စီး၊ ကားငယ် (၃) စီး၊ ထော်လာဂျီ နှင့် ဆိုင်ကယ် (၅) စီး တို့ နှင့်အတူ ရည်ရွယ်ချက်ရှိရှိ ရက်စက်ကြမ်းကြုတ်စွာ မီးရှို့သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်မှာ နှစ်နှစ် တိုင်ခဲ့ပြီဖြစ်ပါသည်။ ထိုဖြစ်စဉ်အတွင်း အသက်ပေးသွားရသည့် ကျူးလွန်ခံရသူ မိသားစုများနှင့် ထပ်တူ ယနေ့ထိတိုင် လွန်စွာဝမ်းနည်း ကြေကွဲလျက်ရှိပါသည်။ မိမိတို့ ကရင်နီပြည်သူများအနေဖြင့် မိုဆိုကျေးရွာအနီး အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရမှုနှင့် စပ်လျဉ်းပြီး နှစ်နှစ်ပြည့်သည့် တိုင်အောင် အိပ်မက်ဆိုးသဖွယ် ဖြစ်ပျက်နေဆဲ သကဲ့သို့ ခံစားနေရပါသည်။

အထက်ပါဖြစ်စဉ်အတွင်း ကျူးလွန်သူများမှာ ယခုချိန်ထိ ပြစ်ဒဏ်ကျခံခြင်းမှ ကင်းလွတ်နေဆဲ ဖြစ်ပြီး မိမိတို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီမှ မိုဆိုကျေးရွာအနီး ၌ ပြည်သူများ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရမှုနှင့် အတူ ကရင်နီပြည်နယ်အတွင်းရှိ အကြမ်းဖက်စစ် အုပ်စု၏ ကျူးလွန်သော အခြား စစ်ရာဇဝတ်မှုများ နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အမြန်ဆုံး အဆုံးသတ်နိုင်ရေးနှင့် အပြစ်ဒဏ်ပေးနိုင်ရေးအပြင် နစ်နာသူများမှ တရားမျှတမှုရရှိရန် အတွက် လည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကရင်နီပြည်သူလူထုတရပ်လုံးနှင့်အတူ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်သည်အထိ ရပ်တည်တော်လှန်တိုက်ပွဲဝင် သွားမည်ဟုလည်း ကတိသစ္စာပြုပါသည်။

နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့်လည်း အကြမ်းဖက်စစ်အုပ်စုအား ပြတ်ပြတ်သားသား ဆန့်ကျင်ရန်နှင့် ထိရောက်သော အရေးယူဆောင်ရွက်မှုများအတွက်လည်း မိမိတို့ကရင်နီ ပြည်သူနှင့် အတူ ပူးပေါင်းဆောင်ရွက်သွားပါရန် တိုက်တွန်းနိုးဆော်အပ်ပါသည်။

ကြားကာလအုပ်ချုပ်ရေးကောင်စီ
ကရင်နီပြည်