An Official Website of Karenni State Interim Executive Council Here’s how you know
IEC official website links

Usually end with .ieckarenni.org

Our Trusted websites external link

Secure websites use HTTPS

Look for a lock icon (🔒) or a URL starting with https://.

Only share sensitive info on official, secure websites.

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ

ကရင်နီ တိုက်လေယာဉ် ပစ်ချ

တရားမဝင်အာဏာသိမ်းစစ်တပ်၏ တိုက်လေယာဉ်တစ်စင်းအား ကရင်နီတပ်ပေါင်းစုံ တော်လှန်ရေးတပ်ဖွဲ့က ပစ်ချနိုင်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ – – Joint Chiefs of Staff (JCS)
ကရင်နီတပ်ပေါင်းစုံ တော်လှန်ရေးတပ်ဖွဲ့က တရားမဝင်အာဏာသိမ်းစစ်တပ်၏ တိုက်လေယာဉ်တစ်စင်းအား ပစ်ချနိုင်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်
ထုတ်ပြန်ချက် အမှတ် – ၂/၂ဝ၂၅
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၃) ရက်

ဖားဆောင်းမြို့အခြေစိုက် တရားမဝင်အာဏာသိမ်းစစ်တပ်၏ ခလရ (၁၃၄) နှင့် ခလရ (၁၃၅) တို့အား ကရင်နီတပ်ပေါင်းစုံတော်လှန်ရေးတပ်ဖွဲ့များက ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၅) ရက်မှ စတင်တိုက်ခိုက်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လ (၃၀) ရက်တွင် ခလရ (၁၃၄) ကို သိမ်းပိုက်ရရှိခဲ့သည်။ ဖားဆောင်းမြို့ရှိ ဖော်ပြပါ တပ်ရင်းနှစ်ခုကို စတင်ထိုးစစ်ဆင်သည့်နေ့ရက်မှ စ၍ ယနေ့အထိ တရားမဝင်အာဏာသိမ်းစစ်တပ်မှ ဂျက်ဖိုက်တာအမျိုးမျိုးအပြင် (Y-12, Y-8, FTC-2000G, Military Transport Aircraft) ဖြင့် လေကြောင်းစစ်ကူများဖြင့် အပြင်းအထန် တိုက်ခိုက်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ် ဇူလိုင်လ (၂) ရက်၊ နံနက် (၁) နာရီခန့်တွင် ဖားဆောင်းမြို့ တိုက်ပွဲသို့ ဗုံးကြဲတိုက်ခိုက်ရန် ပျံသန်းလာခဲ့သော တရားမဝင် အာဏာသိမ်းစစ်တပ်၏ ဂျက်လေယာဉ် (၄) စင်းကို ကရင်နီတပ်ပေါင်းစုံတော်လှန်ရေးတပ်ဖွဲ့များက တန်ပြန်တိုက်ခိုက်ခဲ့ရာ တရုတ်နိုင်ငံထုတ် FTC-2000G အမျိုးအစား တိုက်လေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့သည်။ ပစ်ခတ်ခံရမှုကြောင့် ပျက်ကျသွားခဲ့သော တိုက်လေယာဉ်အား ကရင်နီတပ်ပေါင်းစုံတော်လှန်ရေးတပ်ဖွဲ့များက ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၃) ရက်၊ မွန်းလွဲ (၂) နာရီခန့်၌ ဖားဆောင်းမြို့ အနီးနားဝန်းကျင်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ ပစ်ချခံခဲ့ရသော တိုက်လေယာဉ်၏ ကိုယ်ထည်အပျက်အစီးများနှင့်အတူ လေယာဉ်မှူးနှစ်ဦး၏ ရုပ်အလောင်း အပိုင်းအစ များကိုပါ တွေ့ရှိခဲ့ပါသည်။ ကရင်နီတပ်ပေါင်းစုံတော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် တရားမဝင်အာဏာသိမ်းစစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုများအပါအဝင် သာလွန်လက်နက်များဖြင့် အသုံးပြုတိုက်ခိုက်နေမှုများကို အစွမ်းကုန် တန်ပြန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ပါသည်။

ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ – Joint Chiefs of Staff (JCS)