မြန်မာနိုင်ငံသည် အစဉ်အလာအားဖြင့် မတူကွဲပြားသော တိုင်းရင်းသားမျိုးနွယ်များ ဖြင့် ဖွဲ့စည်းထူထောင်လာ ခဲ့သော နိုင်ငံတခု ဖြစ်ပါသည်: သမိုင်းကြောင်းအရ ကိုလိုနီခေတ်မတိုင်မီကပင် ကရင်နီပြည် သည် သီးခြားလွတ်လပ်ခဲ့သည် အချုပ်အခြာအာဏာပိုင် နိုင်ငံတခုဖြစ်ခဲ့သည့် အတွက် မိမိတို့ ကရင်နီ လူမျိုးများ၏ ကံကြမ္မာ ကို မိမိတို့ ကိုယ်တိုင် ဖန်တီး ဆုံးဖြတ်နိုင်သည့် အခွင့်ရအောင် ကြိုးစား ဆောင်ရွက်မှု ဖြစ်သော ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ ပေါ်ပေါက်လာခြင်းအား မြန်မာ့တော်၀င် နဂါးတပ်တော်မှ လှိုက်လဲစွာကြိုဆိုပါကြောင်း ဤ ဂုဏ်ပြုလွှာကို ပေးပို့အပ်ပါသည်. စစ်အာဏာရှင် အုပ်စု ကျဆုံးရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌန်းခွင့်ရှိသော ဖယ်ဒရယ်စနစ်ဖြင့် ပြည်ထောင်စု နိုင်ငံတည်ထောင်ရန် အတွက် အလှမ်းမဝေးတော့သည် အခြေအနေ အား ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ မှ မြန်မာပြည်သူ လူထုတရပ်လုံးကို မီးမောင်းထိုးပြလိုက်ခြင်းပင် ဖြစ်ပါသည်။ပြည်ထောင်စုအေးချမ်းတည်ငြိမ်တိုးတက်ရေး နှင့် ကရင်နီ့အုပ်ချုပ်ခန့်ခွဲမှုအာဏာသည် ကရင်နီလူထုလက်ဝယ်တည်ရမည်ဟူသော ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ၏ ပြတ်သား သော အနာဂါတ်ရည်မှန်းချက် ကို လည်း အပြည့်အဝထောက်ခံအပ်ပေသည်။
ခိုင်မာသော နိုင်ငံရေး ဦးတည်ချက်၊ ပြောင်မြောက်သော စစ်ရေး ဦးဆောင်မှုဖြင့် ကရင်နီပြည် အတွင်းရှိ တော်လှန်ရေးအင်အားစုများကို စိတ်ရှည်လက်ရှည် စုစည်း၍ အကြမ်းဖက်စစ်အုပ်စု အား ပြောင်မြောက်စွာ ချေမှုန်းတိုက်ခိုက်ပြီး တော်လှန်ရေး အောင်ပွဲဆီသို့ ချီတက်ရာတွင် မိမိတို့ MRDA အဖွဲ့အား ညီနောင်သွေးရင်းပမာ ပံ့ပိုး လက်တွဲခေါ်ဆောင်လာခဲ့ သည့် ကရင်နီ ခေါင်းဆောင်များနှင့် တကွ ကြားကာလ အုပ်ချုပ်ရေး ကောင်စီ ခေါင်းဆောင်များ အားလုံးကို အထူးကျေးဇူးတင်ပါကြောင်း တင်ပြအပ်ပါသည်။ မိမိတို့ မြန်မာ့တော်ဝင် နဂါးတပ်တော် အနေဖြင့် စစ်အာဏာရှင် အုပ်စု ပြုတ်ကျရေး, တိုင်းရင်းသားများ တန်းတူ အခွင့်အရေး ရရှိသည့် ဖယ်ဒရယ် ပြည်ထောင်စု စနစ် တည်ဆောက်နိုင်ရေး တော်လှန်ရေး ခရီး ကာလ တလျှေက် တွင် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေး ကောင်စီနှင့် ညီရင်း အကို ပမာ ခိုင်မာသော တော်လှန်ရေး မဟာမိတ် အင်အားစု အဖြစ် ယုံယုံကြည်ကြည် လက်တွဲတိုက်ပွဲဝင် သွားမည် ဟု အခိုင်အမာ သံဓိဌာန် ပြုပါကြောင်းအလေး အနက်ပြောကြားရင်း ဤ သဝဏ်လွှာကို ပေးပို့လိုက်ပါသည်။
“ တိုင်းပြည် သမိုင်းကောင်းတခေတ် ပြည်သူ့လက်ဖြင့် ထုဆစ်နိုင်ရမည်”
မြန်မာ့တော်၀င်နဂါးတပ်တော်
MYANMAR’S ROYAL DRAGON ARMY (M.R.D.A)