ကရင်နီပြည်၊ ပူးပေါင်းအုပ်ချုပ်ရေးကော်မတီ ဒီးဘောင်းခူမြို့နယ်
ညွှန်ကြားစာအမှတ်၊ဝဝ၁/ဒဘခ/ပအရ/၂ဝ၂၅
ရက်စွဲ၊ ၂၀၂၅ခုနှစ်၊ဖေဖောဝါရီလ၊(၂)ရက်
ညွှန်ကြားစာ
ကရင်နီပြည်၊ ပူးပေါင်းအုပ်ချုပ်ရေးကော်မတီဒီးဘောင်းခူမြို့နယ်ဒေသအတွင်းအများပြည်သူနှင့်သက်ဆိုင်သည့်တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့လုံခြုံရေးဆိုင်ရာကိစ္စရပ်များစီမံဆောင်ရွက်ရန်အတွက် မြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊မြို့နယ်အတွင်းရှိကျေးရွာအုပ်စုမှူးများနှင့်အတူ(၂၁.၂.၂၀၂၅)ရက်စွဲပါညှိုနှိုင်းဆွေးနွေးမှုအစည်းအဝေးဆုံးဖြတ်ချက်များအရ အဆင့်ဆင့်သဘောတူ တာဝန်ယူဆောင်ရွက်ရန်ဆုံဖြတ်ထားပါသည်။
သို့ဖြင့်ပါ၍ မြို့နယ်အတွင်းရှိမိဘပြည်သူများအနေဖြင့်အောက်ဖော်ပြပါစည်းမျဉ်းစည်းကမ်းများကိုသိရှိလိုက်နာဆောင်ရွက်သွားရန် ဤညွှန်းကြားစာကို ထုတ်ပြန်လိုက်ပါသည်။
(က) သစ်တောပြုန်းတီးမှုလျော့ပါးစေနိုင်ရေးအတွက်မြို့နယ်အတွင်းတွင်နေထိုင်သည့်ပြည်သူများအားလုံးသည် မိသားစုသုံးစွဲရန်သာဖြစ်သော သစ်လုံး၊ သစ်ခွဲသား၊ ထင်းများသယ်ဆောင်သည့်ကားများမိမိသက်ဆိုင်သည့် ကျေးရွာအုပ်စုမှုးများ၏ ထောက်ခံချက်ပါသည့်စာဖြင့် သွားလာကြရန်။
(ခ) မြို့နယ်အတွင်းရှိ ဂိတ်များမှ သစ်သယ်ကားများအားလုံးကို စစ်ဆေးမှတ်းတမ်းယူထားကြရန်။
(ဂ)မြို့နယ်အတွင်းရှိ မျိူးနွယ်စုပိုင်သစ်တော၊ မိသားစုပိုင်သစ်တောများ စီးပွားဖြင့်ရောင်းဝယ်မှု၌သက်ဆိုင်သည့် ကျေးရွာဥက္ကဌ၊ ကျေးရွာအုပ်စုမှူးများမှ တားမြစ်ကြရန်။
ဥက္ကဌ
ပူးပေါင်းအုပ်ချုပ်ရေးကော်မတီ
ဒီးဘောင်းခူမြို့နယ်