An Official Website of Karenni State Interim Executive Council Here’s how you know
IEC official website links

Usually end with .ieckarenni.org

Our Trusted websites external link

Secure websites use HTTPS

Look for a lock icon (🔒) or a URL starting with https://.

Only share sensitive info on official, secure websites.

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ

စစ်ဘေးရှောင်စခန်း လေကြောင်းတိုက်ခိုက်မှု

အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များနှင့် အမျိုးသမီးများ အပါအဝင် အပြစ်မဲ့ပြည်သူများ သေဆုံးမှုအပေါ် ထုတ်ပြန်ချက်

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ
ထုတ်ပြန်ချက်အမှတ်၊ (၄ /၂၀၂၄)
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်
အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များနှင့် အမျိုးသမီးများ အပါအဝင် အပြစ်မဲ့ပြည်သူများ သေဆုံးမှုအပေါ် ထုတ်ပြန်ချက်
၁။ ၂၀၂၄ ခုနှစ်အတွင်း အကြမ်းဖက်စစ်တပ်မှ အပြစ်မဲ့ အရပ်သားပြည်သူများကို ပစ်မှတ်ထားလျက် လေကြောင်းတိုက်ခိုက်မှုများကို အကြိမ်ကြိမ်ကျူးလွန်ခဲ့၊ ကျူးလွန်နေဆဲပင် ဖြစ်သည်။ အဆိုပါ ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် ကရင်နီပြည်အတွင်း ၂၀၂၄ ခုနှစ်တွင် အရပ်သားပြည်သူပေါင်း (၂၄)ဦး သေဆုံးခဲ့ရပြီး (၄၀)ဦးကျော် ဒါဏ်ရာရရှိခဲ့ပြီးဖြစ်သည်။ ၂၀၂၄ ခုနှစ်၊စက်တင်ဘာလ (၅) ရက်နေ့တွင် ဖယ်ခုံမြို့နယ်၊ အနောက်ခြမ်းမှ လအိကျေးရွာအနီးရှိ ဘန်ကောက် စစ်ဘေးရှောင်စခန်းအား လေကြောင်းမှ ပေါင်ချိန် (၅၀၀) ဖြင့် ထပ်မံတိုက်ခိုက်ခဲ့သဖြင့် အသက် (၂) နှစ်နှင့်အထက်ရှိ ကျောင်းနေကလေးများအပါအဝင် အမျိုးသမီးများ အပြစ်မဲ့ပြည်သူ စုစုပေါင်း (၉) သေဆုံးခဲ့ရပြီး စုစုပေါင်း (၂၀) ဦး ဝန်းကျင် ဒဏ်ရာရရှိခဲ့ပြန်ပါသည်။ ဤလုပ်ရပ်သည် အကြမ်းစစ်တပ်မှ လူသားများ၏ ဘဝလုံခြုံစွာ ရှင်သန်ရပ်တည်ခွင့်အား လက်နက်ကိုင် ပဋိပက္ခအတွင်း အပြစ်မဲ့ပြည်သူများအား တရားလက်လွတ် ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေ ကြောင်း ပြသနေခြင်းသာဖြစ်သည်။
၂။ ဤလေကြောင်းတိုက်ခိုက်မှုကြောင့် သေကြေဆုံးရှုံးကြရသည့် အပြစ်မဲ့ပြည်သူများနှင့် ၎င်းတို့၏ ကျန်ရစ်သူမိသားစုဝင်များနှင့်အတူ ကရင်နီပြည်၊ ကြားကာလအုပ်ချုပ်ရေးကောင်စီမှ ထပ်တူထပ်မျှ စိတ်နှလုံးကြေကွဲဝမ်းနည်းရပါသည်။ သို့ဖြစ်ရာ အကြမ်းဖက်စစ်တပ်၏ အပြစ်မဲ့ပြည်သူများအား တမင်အကြံအရွယ်ဖြင့် နည်းလမ်းပေါင်းစုံမှ ကျူးလွန်နေမှုသည် ဖြစ်ရိုးဖြစ်စဉ်ကိစ္စရပ်တစ်ခုကဲ့သို့ ဆက်လက်ပြီး လွယ်လင့်တကူမျက်ကွယ်မပြုဘဲ လက်တွေ့ကျပြီး ထိရောက်သော အရေးယူဆောင်ရွက်မှုများကို ဖော်ဆောင်ပေးကြရန် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီမှ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ (UN member states )၊ ဥရောပအဖွဲ့ဝင် နိုင်ငံများ(EU)နှင့် အရှေ့တောင်အာရှ အဖွဲ့ဝင် နိုင်ငံများ (ASEAN) တို့အား အောက်ပါအတိုင်း အလေး အနက်ထားထပ်လောင်းတောင်း ဆိုပါသည်။
(က) အကြမ်းဖက်စစ်အုပ်စုအား နိုင်ငံအသီးသီးမှ လက်နက်ခဲယမ်းတင်ပို့ရောင်းချမှုကို တင်းကြပ်စွာ ပိတ်ဆို့အရေးယူရန်
(ခ) လေကြောင်းရန်မှ တားဆီးနိုင်ရန်အတွက် လေယာဉ်ဆီများ တင်ပို့ရောင်းချပေးမှုကို လုံးဝရပ်တန့်ပေးသွားရန်၊
(ဂ) စစ်တပ်မှ ကျူးလွန်ခဲ့သည့် လူမျိုးပြုန်းဆိတ်သုန်းစေသော စစ်ရာဇဝတ်မှုများအား ထိရောက်စွာ နိုင်ငံတကာစစ်ခုံရုံးမှ အမြန်ဆုံးအရေးယူဆောင်ရွက်ပေးရန်၊
(ဃ) ကရင်နီပြည်သူများအပါအဝင် အတိဒုက္ခရောက်နေကြသည့် မြန်မာပြည်သူများ အားလုံးကို လူသားချင်းစာနာထောက်ထားမှု အကူအညီများအား တိုးချဲ့ပံ့ပိုး ကူညီပေးသွားရန်။
၃။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကရင်နီပြည်သူအပါအဝင် မြန်မာ ပြည်သူတစ်ရပ်လုံးနှင့်အတူ အကြမ်းဖက်စစ်တပ်မှ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအား ဥပဒေအရ ကင်းလွတ်ခွင့်မရရှိစေဘဲ တရားမျှတစွာ ကမ္ဘာ့စစ်ခုံရုံးများသို့ တရားစွဲအပြစ်ပေး အရေးယူသွား နိုင်ရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကတိပြုပါသည်။
ကြားကာလအုပ်ချုပ်ရေးကောင်စီ
ကရင်နီပြည်