An Official Website of Karenni State Interim Executive Council Here’s how you know
IEC official website links

Usually end with .ieckarenni.org

Our Trusted websites external link

Secure websites use HTTPS

Look for a lock icon (🔒) or a URL starting with https://.

Only share sensitive info on official, secure websites.

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ

ကရင်နီပြည် စစ်ဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးနှင့် နေရာချထားရေးအကူအညီ ပန်ကြားဖိတ်ခေါ်ခြင်း

၂၀၂၅ ခုနှစ်၊ ဇွန်လ အစောပိုင်းကာလမှစ၍ တရားမဝင်အာဏာသိမ်းစစ်တပ်မှ ကရင်နီပြည် မိုးဗြဲနယ်၊ ဖယ်ခုံမြို့နယ်အရှေ့ဘက်ကမ်း လွယ်ပေါအုပ်စုမှတစ်ဆင့် လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်တို့သို့ ဦးတည်လျက် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ထိုးစစ်ဆင်မှုကြောင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။ တရားမဝင်အာဏာသိမ်းစစ်တပ်၏ မြေပြင်ထိုးစစ်များ အပြင် လက်နက်ကြီးပစ်ခတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများ ရှိနေပါသည်။ ဖော်ပြပါ အကျိုးဆက်များကြောင့် အရပ်သားပြည်သူများ အနေဖြင့် ဘေးလွတ်ရာသို့ ပြောင်းရွေ့နေကြရပါသည်။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာန၊ ပြည်ထဲရေးဌာန – အရေးပေါ်ကယ်ဆယ်ရေးဌာနခွဲတို့သည် အရပ်ဖက်အဖွဲ့အစည်းများ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ နှင့် ပူးပေါင်း၍ စစ်ဘေးရှောင်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကနဦးတုံ့ပြန် ဆောင်ရွက်ခြင်းနှင့် ပံ့ပိုးကူညီမှုများကို လုပ်ဆောင်နေပါသည်။
​ထိုသို့သော တုံ့ပြန်ဆောင်ရွက်မှုများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်နေပါသော်လည်း လူသားချင်းဆိုင်ရာ စာနာထောက်ထားမှု အကူအညီ လိုအပ်ချက်များမှာ အလွန်ကြီးမားနေဆဲ ဖြစ်သည်။ တစ်ချိန်တည်း၌ပင် တရားမဝင်အာဏာသိမ်းစစ်တပ်သည် စစ်ပဋိပက္ခကို အကြောင်းပြုလျက် ပြည်သူများလိုအပ်နေသော လူသားချင်းစာနာထောက်ထားရေး အကူအညီများကို နည်းမျိုးစုံဖြင့် ထိန်းချုပ်ကန့်သတ်လျက် ရှိသည်။
​ထို့ကြောင့် စစ်ဘေးသင့်ပြည်သူများ ကြုံတွေ့နေရသော စိန်ခေါ်မှုများကို နိုင်ငံတကာမှ သိရှိပြီး လူသားချင်းစာနာထောက်ထားမှုဖြင့် ပြည်သူလူထု၏ ဘေးကင်းလုံခြုံရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေးလုပ်ငန်းများတွင် ထပ်မံတိုးမြင့် ပံ့ပိုးကူညီလုပ်ဆောင်နိုင်ကြပါရန် မေတ္တာရပ်ခံ တိုက်တွန်း အပ်ပါသည်။
လတ်တလော စစ်ပဋိပက္ခကြုံရသော အရပ်သားပြည်သူအချက်အလက်များ –
၂၀၂၅ ခုနှစ်၊ ဇွန်လ အစောပိုင်းကာလမှစ၍ ကရင်နီပြည် မိုးဗြဲနယ်၊ ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်း၌ ထိုးစစ်များကြောင့် ကျေးရွာအုပ်စု (၅) စု အတွင်းရှိ အိမ်ထောင်စု (၇,၀၀၀) စု၊ ခန့်မှန်း လူဦးရေ (၄၀,၀၀၀) ဦး၊ စစ်ပဋိပက္ခ ဘေးအန္တရာယ်ကြုံတွေ့ နေရသည်။
အခြေခံလိုအပ်ချက်များ –
  1. စားနပ်ရိက္ခာ – စစ်ပဋိပက္ခ ထိခိုက်ခံစားရသော စစ်ရှောင်မိသားစု (၄၀,၀၀၀) ဦးရေအတွက် တစ်လစာ စားနပ်ရိက္ခာ လိုအပ်ချက် (၄၅၄,၅၄၅) ဒေါ်လာ
  2. စားနပ်ရိက္ခာမဟုတ်သည့် အမိုးအကာ – မိသားစု (၇,၀၀၀) ၏ ယာယီတဲဆောက်လုပ်နေထိုင်ရန်အတွက် မိုးကာ (၃၃၁,၄၃၉) ဒေါ်လာ
  3. Hygiene တကိုယ်ရေးသန့်ရှင်းရေးသုံးပစ္စည်း – ​လူဦးရေ (၄၀,၀၀၀) ဦးစာအတွက် တစ်ကိုယ်ရေသန့်ရှင်းရေးသုံး ဆပ်ပြာ၊ သွားတိုက်တံ၊ သွားတိုက်ဆေး၊ ခေါင်းဆောင်ရည်၊ အမျိုးသမီးလစဉ်သုံး (၂၄၈,၀၉၁) ဒေါ်လာ
လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာန
ဆက်သွယ်ရန်
Telegram, signal number: +66 95 575 1317