ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ် ၁၉/၂၀၂၅
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်
ကာကွယ်ရေးဌာန ဌာနမှူးကြီးနှင့် ဒုတိယ ဌာနမှူးများ ခန့်အပ်တာဝန်ပေးခြင်း
ကရင်နီပြည်၏ ကြားကာလအစီအမံ အပိုဒ် ၃၆၊ အပိုဒ်ခွဲ (ခ)၊ အပိုဒ်ခွဲငယ် (၆) ပါ ပြဋ္ဌာန်းချက်အရလည်းကောင်း၊ အပိုဒ် ၃၈၊ အပိုဒ်ခွဲ (ဂ) ပါ ပြဋ္ဌာန်းချက်အရလည်းကောင်း အောက်ပါ ပုဂ္ဂိုလ်များကို ကာကွယ်ရေးဌာန၏ ဌာနမှူးကြီးနှင့် ဒုတိယ ဌာနမှူးများအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်-
၁။ စောဘီထူး – ဌာနမှူးကြီး
၂။ စောထိုကာရီ – ဒုတိယ ဌာနမှူး (၁)
၃။ စစ်မုန်း (ခ) အေးဆေး – ဒုတိယ ဌာနမှူး (၂)
၄။ စောတူးတူး – ဒုတိယ ဌာနမှူး (၃)
ခူဦးရယ်
ဥက္ကဋ္ဌ
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ