တရားမဝင် အာဏာသိမ်းစစ်တပ်၏ အဓ္ဓမ အကြမ်းဖက် အာဏာသိမ်းမှုကို ဆန့်ကျင်တွန်းလှန်သည့် လူထုတော်လှန်ရေးနှင့်အတူ ပေါက်ဖွားလာခဲ့သော ကရင်နီသူနာပြုအစည်းအရုံး (Karenni Nurse Association – KNA) ဖွဲ့စည်းတည်ထောင်ခဲ့သည်မှာ ၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၈) ရက်၊ ယနေ့တွင် (၂) နှစ် ပြည့်မြောက်ပြီဖြစ်သည်။
(၂) နှစ်တာ ကာလအတွင်း အခက်အခဲ စိန်ခေါ်မှု အမျိုးမျိုးကြားမှ ကရင်နီပြည်သူများ ကျန်းမာရေးဝန်ဆောင်မှု လက်လှမ်းမီစေရေး ကရင်နီသူနာပြုအစည်းအရုံး (KNA) ၏ အဖိုးမဖြတ်နိုင်သော ကြိုးပမ်း ဆောင်ရွက်မှုများကို အသိအမှတ်ပြု မှတ်တမ်းတင် ဂုဏ်ပြုပါသည်။
ကျန်းမာရေးကဏ္ဍတွင် လိုအပ်သော ကွက်လပ်များကို ဖြည့်ဆည်းရန်နှင့် အရည်အသွေးပြည့်ဝသော ကျန်းမာရေး ဝန်ဆောင်မှုများကို ပြည်သူများရရှိရန် (၂) နှစ်တာ ဆောင်ရွက်နေသည်များကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) မှ ဂုဏ်ယူလေးစား အသိအမှတ်ပြုပါကြောင်းနှင့် အနာဂတ်တွင် ပြည်သူ့အကျိုးပြု ကျန်းမာရေးဆိုင်ရာလုပ်ငန်းများကို ဆက်လက်၍ ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ပါစေကြောင်း ဆန္ဒပြုလျှက် ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ