An Official Website of Karenni State Interim Executive Council Here’s how you know
IEC official website links

Usually end with .ieckarenni.org

Our Trusted websites external link

Secure websites use HTTPS

Look for a lock icon (🔒) or a URL starting with https://.

Only share sensitive info on official, secure websites.

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ

မြို့နယ်အတွင်းလိုက်နာရမည့် လုံခြုံရေးဆိုင်ရာလိုက်နာရမည့် စည်းမျဉ်း/စည်းကမ်းများ

ကြားကာလအုပ်ချုပ်ရေးကောင်စီ

ကေးလျားမြို့နယ်

အမိန့်စာအမှတ်(ဝ၁/၂ဝ၂၅)

                 အထက်ပါကိစ္စနှင့်ပတ်သက်၍ ကေးလျားမြို့နယ် ဒေသအတွင်း အများပြည်သူနှင့်သက်ဆိုင်သည့် တရားဥပဒေစိုးမိုးရေးနှင့်ပြည်သူ့လုံခြုံရေးဆိုင်ရာကိစ္စရပ်များ စီမံဆောင်ရွက်နိုင်ရန်အတွက် လုံခြုံရေး ကော်မတီ အဆင့်ဆင့်၏ လုပ်ငန်းတာဝန်များကို ဖွဲ့စည်းထားရှိပြီးဖြစ်ပါသည်။ ထို့ကြောင့် ပြည်သူအုပ်ချုပ်ရေး ယန္တရားများ၊ လုံခြုံရေးနှင့်သက်ဆိုင်သောကိစ္စရပ်များကို မြို့နယ်လုံခြုံရေးကော်မတီအဖွဲ့များအနေဖြင့် အောက်ဖော်ပြပါ စည်းမျဉ်း စည်းကမ်းများကို အများပြည်သူများ သိရှိလိုက်နာဆောင်ရွက်သွားရန် ဤအမိန့်စာကို ထုတ်ပြန်လိုက်သည်။

မြို့နယ်အဆင့်လုံခြုံရေးဆိုင်ရာလိုက်နာရမည့် စည်းမျဉ်း/စည်းကမ်းများ

(က) မြို့နယ်တွင်း ခရီးသွားလာရန်ကန့်သတ်ချက်များကို အရေးပေါ်ကိစ္စမှအပ နံနက်(၅း၀၀)နာရီမှ ည(၇း၀၀)နာရီ အတွင်းသာ သွားလာခွင့်ပြုသည်။

(ခ)သစ်ထုတ်လုပ်ခြင်းကို (လုံးဝ) တားမြစ်ထားသည်။

(ဂ)ပြည်သူ့လုံခြုံရေးနှင့်တော်လှန်ရေးကိုထိခိုက်စေသော ကိစ္စရပ်များမှန်သမျှကို ရှောင်ကြည်ရမည်။

(ဃ)မှုးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲခြင်း/လောင်းကစားများ ပြုလုပ်ခြင်းကိုတွေ့ရှိပါက ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်။

(င) ကေးလျားမြို့နယ်အတွင်း ထုတ်ပြန်ထားသော လုံခြုံရေးဆိုင်ရာ စည်းမျဉ်း/စည်းကမ်းများကို လိုက်နာ ဆောင်ရွက်မှုမရှိပါက ချမှတ်ထားသော စည်းမျဉ်း/စည်းကမ်းအတိုင်း အရေးယူ ဆောင်ရွက်သွားမည်။

                                                                        ဥက္ကဌ

                                                                                   ကြားကာလအုပ်ချုပ်ရေးကောင်စီ

                                                                                 ကေးလျားမြို့နယ်

 

စာအမှတ်။ ။ ကလ/ရအမ/ (ဝ၂/၀၀၁/၂၀၂၅)

ရက်စွဲ ။ ၂ဝ၂၅ခုနှစ်၊ ဖေဖော်ဝါရီလ( ) ရက်

 

မိတ္တူကို

မြို့နယ်လုံခြုံရေးကော်မတီအဖွဲ့များအားလုံး

KNDF ဗျူဟာ(၅)

KNDF ဗျူဟာ(၆)

ရုံးလက်ခံ

ကေးလျားမြို့နယ်