An Official Website of Karenni State Interim Executive Council Here’s how you know
IEC official website links

Usually end with .ieckarenni.org

Our Trusted websites external link

Secure websites use HTTPS

Look for a lock icon (🔒) or a URL starting with https://.

Only share sensitive info on official, secure websites.

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ

ဧရာဝတီပြည်နယ် ဖက်ဒရယ်ကောင်စီ၏ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီသို့ သဝဏ်လွှာ

(၁) မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် တိုင်းရင်းသားတန်းတူရေးနှင့်ဒီမိုကရေစီအခွင့်အရေးမရှိသည့် နိုင်ငံရေးပြဿနာကြောင့် ပြည်တွင်းစစ်ဖြစ်ပွားနေသည်မှယ္ခုတိုင်ဖြစ်သည်။ ကိုလိုနီခေတ်မတိုင်မှီနှင့် ကိုလိုနီခေတ်နှောင်း မြန်မာနိုင်ငံလွတ်လပ်ရေး ရယူသည့်အချိန်ထိ သီးခြားလွတ်လပ်ခဲ့သည့် ကရင်နီပြည်သည် အာဏာရှင်များကြောင့် ပြည်တွင်းစစ်အတွင်းသို့သွတ်သွင်းခံရမှုနှင့်အတူ ပြင်းထန်းသည့် စစ်မီးဒဏ်ကို ပြင်းထန်းစွာခံစားကြရပြီး၊ ကရင်နီ ပြည်သူများအတိဒုက္ခရောက်ရသည်ကို များစွားစိတ်မကောင်းဖြစ်ရပါသည်။ ကရင်နီပြည်ခေါင်းဆောင်များနှင့် ပြည်သူ/ပြည်သားတို့သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဖက်ဒရယ်စနစ်ဖြင့်ပြည်ထောင်စု နိုင်ငံတည်ဆောက်ရန် စဉ်ဆက်မပြတ်တိုက်ပွဲဝင်တောင်းဆိုမှုကို မိမိတို့ ဧရာဝတီပြည်နယ်ဖက်ဒရယ်ကောင်စီ အနေဖြင့် လေးစားအသိအမှတ်ပြုပါသည်။

(၂) ဗိုလ်နေဝင်းဦးဆောင်သည့် စစ်အုပ်စုသည် ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင်အာဏာသိမ်းယူပြီး တစ်ပါတီစနစ်ကိုထူထောင်ကာ တိုင်းနှင့်ပြည်နယ်(၁၄)ခုသတ်မှတ်ခဲ့သည်။ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြ ဌာန်းခွင့်ရှိသော ပြည်ထောင်စုစနစ်ကိုဖျက်ဆီးပြီး တပြည်ထောင်တစ်ပါတီအာဏာရှင်စနစ်ကို ထူထောင်လိုက် သည်။ တပြည်ထောင်အာဏာရှင်စနစ်နှင့်အတူမွေးဖွားလာသည့် စစ်အာဏာရှင်အဆက်ဆက်ကို အမျိုးသားတန်း တူရေးနှင့်ဒီမိုကရေစီအခွင့်အရေးအတွက် တိုင်းရင်းသားများနှင့်စစ်အာရှင်စနစ်ကို မလိုလားသည့်ပြည်သူများမှ ယနေ့ အထိတွန်းလှန်လျက်ရှိသည်။

(၃) အာဏာရှင်စနစ်ဆိုးကို အမွေဆက်ခံလာသည့် န.ဝ.တ/န.အ.ဖ စစ်အုပ်စုသည် စစ်တပ်မှနိုင်ငံရေးတွင် အစဉ် တစိုက် ပါဝင်လွှမ်းမိုးချုပ်ကိုင်နိုင်ရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို နာဂစ်ဒဏ်ခံရသည့် ပြည်သူများကို လစ်လှူရှု ကာ အတည်ပြုပြဌာန်းခဲ့သည်။ အာဏာရှင်စနစ်အမွေဆိုးကျောထောက်နောက်ခံဖြစ်သည့် (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ၂၀၂၁ ခုနှစ်တွင် စစ်တပ်မှအာဏာသိမ်းပြီးနောက် ပျက်ပြယ်သွားပြီဖြစ်သော်လည်း အာဏာ သိမ်းစစ်တပ်မှ တဖက်သတ်အသားစီးရယူရန် ဥပဒေများကိုပြင်ဆင်ပြီး ဆက်လက်ဆုပ်ကိုင်ထားဆဲပင်ဖြစ်သည်။ အာဏာသိမ်းမှုကိုလက်မခံသည့် ပြည်သူလူထုသည် အာဏာသိမ်းမှုကိုလက်မခံကြောင်း ဆန္ဒပြဖော်ထုတ်ခဲ့ကြ သည်။ ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုသည့် ပြည်သူများကို အာဏာသိမ်းစစ်တပ်မှဖမ်းဆီးခြင်း၊ နှိပ်စက်သတ်ဖြတ် ခြင်း၊ မတရားထောင်ချခြင်းများနှင့် လက်နက်အားကိုးဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်းများကြောင့် စစ်တပ်၏ရက်စက် ကြမ်းကြုတ်မှုကို မြို့ပြနှင့်ကျေးလက်ပါမကျန် ခုခံတွန်းလှန်လျက်ကြသည်။

(၄) ၂၀၂၁ ခုနှစ်စစ်တပ်မှအာဏာသိမ်းပြီးနောက်ပေါ်ပေါက်လာသည့် လူထုဆန္ဒပြပွဲများနှင့်အတူ ပြည်သူများအခွင့် အရေးအတွက် အမျိုးသားတန်းတူညီမျှရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဖက်ဒရယ်စနစ်ဖြင့် ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးအတွက် ပြည်သူလူထုတရပ်လုံးမှခုခံတွန်းမှုတွင် ကရင်နီပြည်နယ်ရှိပြည်သူပြည်သားများသည် လည်း ဦးဆောင်ပါဝင်တော်လှန်နေလျက်ရှိမှုကို များစွာဂုဏ်ယူမိပါသည်။ စစ်ရေးနှင့်နယ်မြေထိန်းချုပ်နိုင်မှုများစွာ ရှိနေပြီဖြစ်သည့် ကရင်နီပြည်နယ်သည် နိုင်ငံရေးနှင့်အုပ်ချုပ်ရေးအုပ်ချုပ်ရေးအတွက် ဦးဆောင်မှုပိုမိုတိုးမြှင့် လုပ်ဆောင်ရန်လိုအပ်ပါသည်။ မိမိတို့ဧရာဝတီဖက်ဒရယ်ကောင်စီအနေဖြင့် ကရင်နီပြည်နယ်ကြားကာလစီမံအုပ် ချုပ်ရေးကောင်စီ(IEC) ကိုဖွဲ့စည်းခြင်းကို ဝမ်းသာဂုဏ်ယူစွာကြိုဆိုကြောင်းနှင့် အမျိုးသားတန်းတူရေး၊ တရားမျှတ ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိပြီး လွတ်လပ်ပွင့်လင်းဖွံ့ဖြိုးတိုးတက်သော ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်ရာ တွင် ဒီထက်မက ပိုမိုဆောင်ရွက်နိုင်ပါစေကြောင်းနှင့် သွေးစည်းညီနောင် ကရင်နီပြည်ကြားကာလစီမံအုပ်ချုပ်ရေး ကောင်စီကို ကြိုဆိုထောက်ခံကြောင်း သဝဏ်လွှာပေးပိုအပ်ပါသည်။

အလုပ်အမှုဆောင်အဖွဲ့
ဧရာဝတီပြည်နယ်ဖက်ဒရယ်ကောင်စီ