An Official Website of Karenni State Interim Executive Council Here’s how you know
IEC official website links

Usually end with .ieckarenni.org

Our Trusted websites external link

Secure websites use HTTPS

Look for a lock icon (🔒) or a URL starting with https://.

Only share sensitive info on official, secure websites.

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ

ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီတရား၀င်ဖွဲ့စည်းခြင်းသို့ပေးပို့သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ သ၀ဏ်လွှာ

၁။ ကရင်နီပြည်အတိုင်ပင်ခံကောင်စီမှ ရေးဆွဲပြဌန်းလိုက်သည့် ကရင်နီပြည်နယ်ကြားကာလအစီအမံ၏ မူ၀ါဒ၊ လမ်းညွှန်ချက်များအပြင် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ၏ နိုင်ငံရေးဉီးဆောင်မှုနှင့်အညီ တရား၀င်ဖွဲ့စည်းလိုက်သော ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ အား ကရင်နီအမျိုးသားတိုးတက်ရေးပါတီအနေဖြင့် အထူးဂုဏ်ယူ၀မ်းမြောက်စွာ ကြိုဆိုပါသည်။

၂။ လက်ရှိ တော်လှန်ရေးကာလ၊ ကြားကာလတွင် ကရင်နီပြည်နယ်အတွင်းရှိ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ကဏ္ဍများသည် ယိုယွင်းပျက်စီးနေခဲ့ပြီး လူထုအတွက် လိုအပ်ချက်များနှင့် ကူညီဆောင်ရွက်မှုများကို အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရန်အတွက် လိုအပ်နေသည့် ကဏ္ဍများအသီးသီးတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ ကရင်နီပြည်အစိုးရအဖွဲ့မှလည်း ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီနှင့်လက်တွဲကာပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ၃။ ကြားကာလမှ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်သည့် ကာလအထိကရင်နီပြည်နယ်အတွင်းရှိ ကရင်နီအမျိုးသားများနှင့် ပြည်နယ်သားအားလုံးအတူအကွ ပူးပေါင်း၍ ကိုယ်ပိုင်ပြဌန်းခွင့်အပြည့်အ၀ရှိသည့် ကရင်နီပြည်သူလူထုတရပ်လုံးပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှုကို၀ိုင်း၀န်းတည်ဆောက်ပြီး ငြိမ်းချမ်းစွာအေးအတူပူအမျှ အတူအကွယှဉ်တွဲနေထိုင်သည့် ပြည်သူ့အောင်ပွဲနေ့သစ်ဆီသို့အမြန်ဆုံးရောက်ရှိမည်ဟုယုံကြည်ပါကြောင်းဖော်ပြအပ်ပါသည်။