အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာ ဌာန
အဂ္ဂသာနုနု
ဌာနမှူးကြီး
မော်သဲမာ
ဒု-ဌာနမှူး (၁)
ရီရီမြင့်
ဒု-ဌာနမှူး (၂)
နောက်ခံအကြောင်း
ကရင်နီပြည်အတိုင်ပင်ခံကောင်စီမှ ကြီးမှူး၍ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၈) ရက်တွင် ကျင်းပသော ကရင်နီပြည်အတွင်းရှိ အင်အားစုအသီးသီးပါဝင်သော ညီလာခံမှ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဆိုင်ရာ လုပ်ငန်းအစီအမံများကို မဖြစ်မနေထည့်သွင်းအကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့ကြပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၁၈) ရက်တွင် အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာန ကို ဖွဲ့စည်းခဲ့သည်။
ရည်ရွယ်ချက်
- ကြားကာလ စီမံအုပ်ချုပ်မှုကာလအတွင်း ကရင်နီပြည်နယ်ရှိ အမျိုးသမီးများ နှင့် ကလေးသူငယ်များ ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ၎င်းတို့၏ အခွင့်အရေးများကို ကာကွယ်ရန်အတွက် လိုအပ်သောအစီအမံများ၊ မူဝါဒများနှင့်လမ်းညွှန်ချက်များ ပြဌာန်းခြင်းများ အပြင် အရေးပေါ်တုံ့ပြန်ဖြေရှင်းရေးအစီအမံများ အကောင်အထည်ဖော် ဆောင်ရွက်ရန်
- ကြားကာလ အုပ်ချုပ်မှုယန္တရားများအတွင်းနှင့် အရေးကြီးသောဆုံးဖြတ်ချက်ချသည့် အခန်းကဏ္ဍ များတွင် ဂျဲန်ဒါ တန်းတူညီမျှမှုရှိစေရန်အတွက် စုံလင်ကွဲပြားသော အမျိုးသမီးများ ပိုမိုပါဝင်လာ နိုင်စေရန်
- ကြားကာလ စီမံအုပ်ချုပ်မှုကာလအတွင်း ကရင်နီပြည်နယ်အတွင်းရှိ အမျိုးသမီးများအား နည်းလမ်းပေါင်းစုံဖြင့် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရန်နှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို ထိရောက်စွာ တုံ့ပြန်ဖြေရှင်းရန်
ဌာနဖွဲ့စည်းပုံ
အမျိုးသမီးနှင့်ကလေးသူငယ်ရေးရာဌာနကို ဌာနမှူးကြီးတစ်ဦးနှင့် ဒုတိယဌာနမှူး (၂) ဦးတို့မှ ဦးဆောင်လျက်ရှိပြီး အမျိုးသမီးနှင့် ဂျဲန်ဒါရေးရာဌာနခွဲ၊ ကလေးသူငယ်ရေးရာဌာနခွဲ၊ သုတေသနနှင့် အချက်အလက်စီမံခန့်ခွဲရေးဌာနခွဲ၊ စီမံ/ဘဏ္ဍာဌာနခွဲတို့ဖြင့် လုပ်ငန်းများကို ဆောင်ရွက်လည်ပတ်လျက် ရှိသည်။
အမျိုးသမီးနှင့် ဂျဲန်ဒါဌာနခွဲ
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးနိုင်ရေးအတွက် ဥပဒေ(မူကြမ်း) ရေးဆွဲခြင်းအပြင် အခြားလိုအပ်သော ညွှန်ကြားချက်များနှင့် လုပ်ငန်းအစီအမံများ အကောင်ထည်ဖော် ဆောင်ရွက်ခြင်း၊ ဂျဲန်ဒါအခြေပြုအကြမ်းဖက်ခြင်းဖြစ်ရပ်များနှင့်ပတ်သက်ပြီး လိုအပ်သော ဝန်ဆောင်မှုများ ပေးခြင်းနှင့် ခေတ္တနားခိုရာနေရာ ထားရှိပေးခြင်း၊ ဂျဲန်ဒါမူဝါဒမူကြမ်းရေးဆွဲခြင်းတွင် ဦးဆောင်ဦးရွက်ပြုခြင်း၊ မြို့နယ်အဆင့်တွင်သာမက ပြည်နယ်အဆင့် ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုလျှော့ချရေး ကော်မတီ ဖွဲ့စည်းနိုင်ရန်အတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်းများ လုပ်ဆောင်လျက်ရှိပြီး ကရင်နီအမျိုးသမီး အကယ်ဒမီကျောင်းမှ အမျိုးသမီး စွမ်းဆောင်ရည်မြင့် အစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် လေယာဉ်နှင့် လက်နက်ကြီးကြောင့် ထိခိုက်ဒါဏ်ရာရ အမျိုးသမီးများအား ကူညီထောက်ပံ့ပေးခြင်း၊ အမျိုးသမီးများအတွက် တကိုယ်ရည်သုံး ပစ္စည်းများဖြန့်ဝေခြင်း၊ အရေးပေါ် အကူအညီလိုအပ်သော အမျိုးသမီး အိမ်ထောင်ဦးစီးများအား ငွေကြေးပံ့ပိုးပေးခြင်းနှင့် စွန့်ဦးတီထွင် အမျိုးသမီး များအတွက် ချေးငွေထုတ်ပေးနိုင်ရန် စီမံဆောင်ရွက်ခြင်း၊ ပြည်နယ်အတွင်း လိုအပ်လျက်ရှိသော လုပ်ငန်းခွင်ဆိုင်ရာ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်းများကို တားဆီးကာကွယ်နိုင်ရန်အတွက် မူဝါဒများ ပြင်ဆင်ရေးဆွဲခြင်းနှင့် လူထုအမြင်ဖွင့်သည့် လုပ်ငန်းများအား အခြားသော အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ကလေးဌာနခွဲ
ကရင်နီပြည်အတွင်း ရှေ့ဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး (ECCD) မူဝါဒလမ်းညွှန်ရေးများရေးဆွဲ အကောင်အထည်ဖော်ခြင်း၊ ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေးမူဝါဒ (Child Safeguarding Policy) မူကြမ်း ပြင်ဆင်ရေးဆွဲခြင်းနှင့် ကလေးသူငယ်ပြုစု စောင့်ရှောက်ရေးစင်တာ ဖွင့်လှစ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်ခြင်းများအပြင် မူကြိုဆရာ၊ ဆရာမများအား အခြေခံသင်တန်းနှင့် မွမ်းမံသင်တန်းများ ပြုလုပ်ပေးခြင်း၊ မူကြိုကလေးမိဘများ၊ မူကြိုကျောင်းကော်မတီဝင်များအား ကလေးသူငယ် အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသိပညာ ပေးခြင်းများ ပြုလုပ်လျက်သည်၊၊ ၎င်းအပြင် မူကြိုဆရာ၊ ဆရာမ အချို့အား ထောက်ပံ့ငွေ ပံ့ပိုးပေးခြင်း၊ မူကြိုကြောင်းများအတွက် သင်ထောက်ကူ ပစ္စည်းများ ပံ့ပိုးပေးခြင်း၊ ကလေးအာဟာရ တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်သည်များနှင့် နို့တိုက်မိခင်များအား လိုအပ်သော အဟာရဖြည့်စွက်စာနှင့် အသုံးအဆောင်ပစ္စည်းများ ဖြန့်ဝေပေးခြင်း၊ အရေးပေါ်ခွဲစိတ်ရန် အကူအညီ လိုအပ်သော ကိုယ်ဝန်သည်များနှင့် လေယာဉ်လက်နက်ကြီးကြောင့် ထိခိုက် ဒါဏ်ရာရ ကလေးသူငယ်များကို ထောက်ပံ့ငွေများ ပံ့ပိုးပေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။သုတေသနနှင့်အချက်အလက်စီမံခန့်ခွဲရေးဌာနခွဲ
သုတေသနနှင့်အချက်အလက်စီမံခန့်ခွဲရေးဌာနခွဲအနေဖြင့် ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုနှင့်ပတ်သက်သော သုတေသန ပြုလုပ်ခြင်းများအပြင် အခြားသော ဆက်စပ် သုတေသနစစ်တမ်းကောက်ယူခြင်းနှင့် သတင်းအချက်အလက်များ ထုတ်ပြန်ခြင်း၊ ဌာနအတွင်း လုပ်ငန်းဆောင်ရွက်ချက်များအား မှတ်တမ်းပြုစုခြင်း၊ လုပ်ငန်း စောင့်ကြည့်လေ့လာဆန်းစစ်မှုများ ပြုလုပ်နိုင်ရန် စနစ်တည်ဆောက်ခြင်းအပြင် ဌာန၏လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှုအပေါ် တိုးတက်မှုနှင့် ထိရောက်မှုတို့ကို တိုင်းတာနိုင်ရန် လူထုသဘောထား ကောက်ယူခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။စီမံဘဏ္ဍာဌာနခွဲ
စီမံဘဏ္ဍာဌာနခွဲအနေဖြင့် ဌာနအတွင်း ဝန်ထမ်းရေးရာကိစ္စရပ်များ စီမံခန့်ခွဲခြင်း၊ ရုံးတွင်းစီမံခန့်ခွဲခြင်း၊ နှစ်စဉ်နှင့် လပတ် ရသုံးမှန်းခြေစာရင်းများ ရေးဆွဲခြင်း၊ အသုံးစရိတ်များအား ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ စနစ်တကျ သုံးစွဲနိုင်ရေးကို ကြပ်မတ် ဆောင်ရွက်ခြင်းများ၊ ဘဏ္ဍာရေးအစီရင်ခံစာများပြင်ဆင်ခြင်း အပြင် ဌာနပိုင်ပစ္စည်းများကို စာရင်းပြုစုခြင်းနှင့် စီမံခန့်ခွဲခြင်းများအား ဆောင်ရွက်လျက် ရှိပါသည်။လုပ်ငန်းဆောင်ရွက်ချက်များ
အမျိုးသမီးနှင့်ဂျဲန်ဒါရေးရာဌာနခွဲသည် ကရင်နီပြည်ရှိ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးဥပဒေမူကြမ်းပြင်ဆင်ခြင်း၊ ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုနှင့်သက်ဆိုင်သော ကိစ္စရပ်များကို စီမံခန့်ခွဲခြင်း၊ အမျိုးသမီးနှင့် ထိလွယ်ရှလွယ်သောအုပ်စုများအတွက် လိုအပ်သော တကိုယ်ရည်သန့်ရှင်းရေးပစ္စည်းများ ငွေကြေးများထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်သည်။
ကလေးသူငယ် ရေးရာဌာနခွဲအနေဖြင့် ကလေးသူငယ်အခွင့်အရေး၊ ကာကွယ်ပေးရေးနှင့်ဆိုင်သော မူဝါဒများ ရေးဆွဲခြင်း၊ ECCD လုပ်ငန်းများဆောင်ရွက်ခြင်း၊ အကူအညီလိုအပ်သော ကလေးငယ်များအား ပံ့ပိုးကူညီခြင်း၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်သည်။
သုတေသနနှင့် အချက်အလက်စီမံခန့်ခွဲရေးဌာနခွဲမှ လိုအပ်သော အချက်အလက်များ အား စုဆောင်းခြင်း၊ သိမ်းဆည်းခြင်း၊ သုတေသနပြုစုခြင်း၊ ထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်ပြီး စီမံ/ ဘဏ္ဍာဌာနခွဲသည် ရုံးတွင်းစီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်သည်။
ဆက်သွယ်ရန်
ဂျဲန်ဒါအကြမ်းဖက်မှုတိုင်ကြားရန်နှင့် ဝန်ဆောင်မှုများ ရယူနိုင်ရန် ဆက်သွယ်ရန်-
Email: [email protected] Signal Number: +66 6137 41983 Facebook: Department of Women and Child – DoW&C – Karenni Interim Executive Council