
ဖယ်ခုံမြို့နယ်တွင် ထိုးစစ်ကြောင့် အရေးပေါ်ပြောင်းရွှေ့လာသည့် စစ်ရှောင် (၆,၀၀၀) ကျော်အတွက် လူသားချင်းစာနာထောက်ထားမှု တုံ့ပြန်ဖြေရှင်းရေး ညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း
အောက်တိုဘာလတွင် လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနမှ ဦးဆောင်၍ ဖယ်ခုံမြို့နယ်အတွင်း ထိုးစစ်ဆင်မှုများကြောင့် အရေးပေါ်ပြောင်းရွှေ့လာရသည့် စစ်ဘေးရှောင်ပြည်သူ (၆,၀၀၀) ကျော်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်တုံ့ပြန်ဖြေရှင်းနိုင်ရေးကို ဖယ်ခုံမြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးအဖွဲ့၊ သက်ဆိုင်ရာဌာနများ၊ မြို့နယ်အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများ၊ စစ်ရှောင်ကော်မတီများနှင့် ပူးပေါင်းညှိနှိုင်းခဲ့သည့် အစည်းအဝေးတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်အစည်းအဝေးတွင် စစ်ရှောင်များအတွက် အမိုးအကာ၊ စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ရေရရှိရေးနှင့်

ကရင်နီပြည်ကြားကာလ စိုက်ပျိုးရေးနှင့် မွေးမြူရေး မူဝါဒများ တောင်သူများထံ တင်ပြခြင်း
၂၀၂၅ ခုနှစ် အောက်တိုဘာလအတွင်းတွင် ကရင်နီပြည်အတိုင်ပင်ခံကောင်စီ၏ လုပ်ငန်းဆောင်ရွက်မှုတစ်ရပ်အနေဖြင့်၊ အတည်ပြုပြဋ္ဌာန်းထားသော “ကရင်နီပြည်ကြားကာလ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ မူဝါဒများ” ကို တောင်သူများထံ ပြန်လည်ချပြခြင်း ပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးတွင် တောင်သူများအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးနယ်ပယ်ဆိုင်ရာ မူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ဆောင်သင့်သည့် လမ်းညွှန်ချက်များကို ရှင်းလင်းချပြခဲ့ပြီး၊ တောင်သူများမှ မေးမြန်းမှုများ၊

တရားမဝင်အာဏာသိမ်းစစ်တပ်၏ တိုက်လေယာဉ်တစ်စင်းအား ကရင်နီတပ်ပေါင်းစုံ တော်လှန်ရေးတပ်ဖွဲ့က ပစ်ချနိုင်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်
ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ – – Joint Chiefs of Staff (JCS) ကရင်နီတပ်ပေါင်းစုံ တော်လှန်ရေးတပ်ဖွဲ့က တရားမဝင်အာဏာသိမ်းစစ်တပ်၏ တိုက်လေယာဉ်တစ်စင်းအား ပစ်ချနိုင်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက် ထုတ်ပြန်ချက် အမှတ် – ၂/၂ဝ၂၅ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၃) ရက် ဖားဆောင်းမြို့အခြေစိုက်